Monday, June 23, 2008

ခြေလှမ်း အမှတ် သုံး

ထိုနေ့သည်ကား ..........

လွန်စွာပူလောင် အိုက်စပ်လှပေသော သောကြာနေ့ ဖြစ်ပေတော့သည် တကား။နေရာကား ဖုန်ထောင်းထောင်းထလျက် ရှိထပေသော လှည်းလမ်းကြောင်းတနေရာပေတည်း။ လွန်စွာစုတ်ပြတ်သိမ်ဖျင်း လှသော အဝတ်အထည်တို့ကို ဝတ်ဆင်လျက် အသက် ၁၈ နှစ်အရွယ်ခန့် လူငယ်လေး တဦး နီကြင်ကြင်ဆံစ တို့ဖြင့် အတိပြီးသော ဦးခေါင်းကိုငုံ့လျက် ပြင်းထန်လှစွာသော သူရိန်နေမင်းကို အန်တုလျက် ဦးတည်ရာ အရပ်သို့ အသော့နှင်လျက် ရှိပေမုံ့ တကား။အမည်နာမကား သာကေတ ဟုခေါ်တွင်သော ဇနပုဒ်ငယ် မှ ထင်ရှားလှစွာသော ငတုတ်ဖြီး တည်း။


ခရီးကား မနီးချေ ပါတကား..။ ကောင်းပေစွ ငါ့ကံ.. အို ဟိုရှေ့က ညောင်ညိုပင်အို မဟုတ်လား...။ခရီးတထောက်နားချေမှ သင့်တော့ မယ်...ငါဟဲ့ ငတုတ်ဖြီး..။အလို ... ဟိုထောင်းထောင်းထနေတဲ့ ဖုန်ထုကြားက ဖုတ်သွင်းရထားလားဟဲ့ ...အောင်မာ... ငါလို ငတုတ်ဖြီး ကံကောင်းချက် က မကျန်ဘူးဟေ့ ...၂ စီးတောင်ပါလား.. ၁ လုံးက မီးထိုးဖို့ ၁ လုံးက ကက်ဆက်ဖွက်ဖို့ .. အဲလေ..ယောင်လို့ .. လှည်းကျော့ယဉ် ၂စီးတောင်ပါ့လား....။ အင်း ၂စီးတောင် လာတာ ၁စီး မဟုတ်၁ စီးကတော့ ငါကိုယ်တော် ငတုတ်ဖြီး လမ်းကြုံစီးလို့ ရချေလောက်ပါရဲ့ ... အင်းလေ ထင်ရတာပါ့ ....။ဂလိုနဲ့ လှည်းကျော့ တွေ ကဖြင့် ခွေးတဟောင်တောင် မလိုတော့ ပါလား...။နီးနေမှပေပဲ ..။ ငါကိုယ်တော် ငတုတ်ဖြီး သောက်ပျင်းထူနေလို့ ကတော့ မဖြစ်ချေဘူး.... မဖြစ်ချေဘူး...။ ငါ့ရဲ့ ပွေးပလ္လင်ဖင်တော် အပျက်ကို ကပ်ရပ် ခစားနေကြတဲ့ အညတရ ဖုန်တွေ ဟာဖြင့် လူမြင်လို့ မသင့်တော်ပါတကား..။ လက်ရုံးတော် အနူလက်နဲ့ လျင်မြန်စွာနှိမ်နင်း မှ ဖြစ်ချေတော့မယ် ... အလို ...ပြောရင်းဆိုရင်း သင်းတို့ လှည်းကျော့ ၂စီး ဝါးတရိုက်တောင် မလိုတော့ပါလား...ဟင်....ငါကိုယ်တော်ရဲ့ ပုတိုတိုခြေတော် အပဲ့ ရင်းကိုလ အခစားရောက်လာပါပေါ့လား...။


အလို....နုံဖျင်းလှတဲ့ လှည်းကျော့ ၂စင်းပေါ်မှာ ငါကိုယ်တော် ကျေး(ဂူ)ရွှေပါးစပ်ကို
ဆိတ်ချေးလုံး ၂ကီလိုသွင်းလောက်အောင် ဟ သွားစေတဲ့...... အို.........ပျိုဖြူတွေပါ ကလား...့ အောင်နက်ပြုံးလေး ချီးမြှင့်မှ သင့်ပေတော့မည်တည်း။ သယ် ...... မိုက်လိုက်ပါတဲ့ ဗိုင်းတာမ ...ငါကိုယ်တော် အောင်နက်ပြုံးကိုလ သင်း... မို့လို့ အခွက်လွှဲရက်တယ်...။ ဟင်...လှည်းခနော် ၂စင်း ဟာ အသော့တောင် နှင်နေပါပေါ့လား....။ သင်းတို့က ဂလိုဆိုတော့ ဘာပြုသေးတုန်း...ငါကိုယ်တော် မှာ ရှိလေတဲ့ မွေးမေတောင် မသဒ္ဒါစွန့်ခဲ့တယ် ၂ပု သော...အဲလေ ..ယောင်လို့ ...၂ခုသော ခြေအ တိုတို့ မရှိလေသည် တကား...။


ဟော...ရွာဦးကျောင်းဆရာတော် လမ်းညွှန်တော် မူတဲ့ ရက်စအူမြို့ကလေးကို ရောက်လုနီးပါပေါ့လား အမယ် မင်း...။ အိုဘယ့် ရက်စအူ.... ကြီးကျယ်လှပါဘိတောင်း။ တိုက်တာအိမ်ခြေတွေက မိုးထိအောင် ထောင်လို့ပါတကား...။တူပေစွတကား တူပေစွတကား(ဖွားဖက်တော်နဲ့ )...။ အလို.... ထိုထိုသော အရပ် ဟိုမှသည် သည်မှဟို သွားလာထသော မြို့သူ မြို့သား တို့၏ အဝတ်အထည်တို့ကား နတ်ဝတ်နတ်စား ပမာတူစွာ တောက်ပြောင်လှပါဘိ နော်...။ ငါကိုယ်တော် ဘောင်းတော် အရွဲ့ နဲ့ ကွာပေစွ တကား ......ကွာပေစွတကား......။ အနှီမြို့ကြီးမှာ စံပါယ် (အပါယ်စံ) ရရင်ဖြင့် မွေးရပ်မြေ သာကေတ ကိုလ ကုတ်နဲ့ ကော်ထုတ်တောင် မပြန်ဘူးဟဲ့ ..ငါ ဟဲ့ နော် ငတုတ်ဖြီး ...။ဘုရင့်နောင်ထုံး နှလုံးမူခဲ့တာ အင်း...မှန်ပေစွ တကား မှန်ပေစွတကား....ငါဟဲ့ ....... ပထွေးတော် အရွေးတော် ချက်နော်......။ ငါကိုယ်တော် ခရီးတော် နှင်ခဲ့ ရသဟာ မို့ ဟိုဒင်းတော် အတော် ဆာလှပေပေါ့ ....သောက်ပင်းတော် အမြန်ဆို့ ချင်ပေတော့ သကိုး....။ ဒီအချိန် ရွာမှာ ဆို ဗဟိုစည် ၂ချက် တီးလုပေါ့ ...အင်း....။



အလို ... ဟိုရှေ့က သုတ်သုတ် သုတ်သုတ် နဲ့ ဦးရီးတော် မီးသိုး ထင်ပါ့ ...ဟင်..ဟုတ်ချက် ဟုတ်ချက် .....။ သံပြာတော် အမြန်ဟစ် မှ ဖြစ် ချေတော့မည် တည်း...။ "ဗျိုး ဦးရီးတော်....."။ အို .... ဦးရီးတော်ရဲ့ ရွှေခေါင်းတော် မြန်ဆန်စွာ လှည့်တော်မူ လာပါပေါ့လား... အမငီး ........ဘာကြီးတုန်းဟ....လက်လက် လက် လက်တွေ က ...ဩော် ...ဦးရီးတော် ပိုင်ဆိုင်တော် မူထသော သွားတော် အစုံစုံ တို့ပါ တကား......။ "ဗျိုး ........ဦးရီး ဝမ်းဟာတယ်ဗျာ...ဘာများ မျိုစရာ ရှိတုန်း ဗျ..."။ "အိမ်း ရှိပေ သပေါ့ တူတော် ရယ် .....ခုတောင် လက်ကျန်လေးတွေ ရှင်းဖို့ ချီးတော်ပေ ...အဲလေ ယောင်လို့ ချီတော် မူ လာပေတာပဲ ကွဲ့ ... "။ "အင်း ..... ဒါ ဆို လည်း အတူ ချီကြတာပေါ့ ဦးရီးရယ် ...... " ။ "အမြီးက ချီမလား ....... ခေါင်း က ချီမလား တူ မောင်ရဲ့ ..." ။ "ဦးရီးတော် ကလည်း ပိန်း ပ ဗျား......။ မကျန်ဘူး...။ နောက် ဖေးပေါက် က ချီတာ အကောင်းဆုံးပေါ့ ...." ။ "ဟေ........တော် သဟေ့ ငါ့ တူ.... ငါ့ ခြေရာနင်းမယ့်  အကောင်ကိုး........."။





၂ နှစ်ခန့် ကြာသော်.......................





အိမ်း......ခုတော့လည်း ငါကိုယ် တော် အရည် လည်ခဲ့ ပြီပေါ့လေ..........။လူရည် ....လူရည်......။ဟို အရင် နုငယ် စဉ်က ဟာတွေက အခုတော့ကာ ကလေး ကလား ဆန်စွ တကား......။အိမ်း........လူငယ် အပေါင်းတို့ ...လေးစားလော့ ......ဂုဏ်ယူလော့ ...အားကျ လော့...... ဤကား ငါကိုယ်တော် ငပျက်ြကီးတုတ်ဖြီး ၏ ရက်စအူတော်သွား တောလားပေတည်း........။


ပုံ
ငတုတ်ဖြီး။




***စာကြွင်း***

ဂျလေပီတော့ခ် ၌ ဘော် ဘော် တဦးမှ မေးမြန်းတောင်းဆို လာသည် ဟု အမည်တပ် ခါ ကိုယ် တိုင်မေး ၍ ကိုယ်တိုင်ခပ်တည်တည် ဖြီးလိုက် ...အဲလေ....ဖြေလိုက်ခြင်းပေတည်း....။

1 comment:

Anonymous said...

သေတော့မှာပဲ .. ဟ .. ရီရလွန်းလို့ ... ခွိခွိ

ကျန်းမာပျော်ရွှင်ပါစေဗျာ, သားစဉ်မြေးဆက် NLD and SPDC ဒုက္ခ မှကင်းလွတ်ပါစေ။ NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....အွန်လိုင်းတော်လှန်ရေး သမားများလည်း ဆက်လက်၍ အသံကောင်း ဟစ် နိုင်ကြပါစေ...ဘဝင်ရူး အဖြစ်မှ ကင်းဝေးကြပါစေ... လေမိုင်း ခွဲ နိုင်ကြပါစေ...