Wednesday, June 25, 2008

ခြေလှမ်း အမှတ် ငါး

ကဲ ...တခု တ လော မျက် စေ့ ထဲ ဖုန် ဝင် နေ လား တော့ မသိဘူး ဗျ...။ ကြည့် ရ တာ သိပ် မ ကောင်းဘူး..။ မူး မူး နေ သ ဗျ..။ ဆရာဝန် နဲ့ ပြ ပြန် တော့ လည်း အကောင်း ခင် ဗျ..။ ဘာမှန်း ကို မသိ တာ..။ အင်း ...ခက် တယ် ဗျာ...။ ကျွန်တော် လည်း လူ ထဲက လူသား တယောက် ပေ ပဲ ဗျာ..။ဖြစ် မယ် ပျက် မယ် ဆို တဲ့ သဘော လေး ကို လွန် ဆန် လို့ မရ နိုင် ဘူး လေ ဗျာ... နော.....။



အင်း... တ နေ့ တော့ ..အား အား ရှိ တာ နဲ့ ပဲ ..ဟိုဟို သည် သည် တောင် တောင် အီ အီ ပေါ့  ဗျာ...စဉ်းစား နေမိ သပေါ့ ......။ ခေတ် ကာလ သားသမီး များ တယ်လဲ ခက် ကြ ပေ သကိုး ဗျ.....။ အပျော် ဆို တာ ကို နည်း မျိုး စုံ နဲ့ ရှာ နေကြတာ ကလား .....။ တချို့ တချို့ သော လူငယ် တွေ လဲ ရှိပေ သပေါ့ ဗျာ... တိုး တက် ရာ တိုးတက် ကြောင်း ကြံ စည် နေကြ သူတွေ ..။ နဲ တော့ အနဲ သား ခင် ဗျ....။သူ့ နည်း သူ့ ဟန် နဲ့ တော့ ကြံ နေကြတာ ချည်း ပါပဲ ဗျာ...။ လုံး ဝ ....လုံးဝ လို့ တော့ မပြော ရဲ ပေါင် ဗျာ ..။ ကြောက် ...ကြောက် လွန် ..လွန်း..လွန်း လို့ ..။



အင်း... ဟို အရင် မြန် မာပြည် မှာ အင်တာ နက် ဆို တာသိ ပ် မတွင် ကျယ် ခင် ကပေါ့ ...။ လူ ငယ် တွေ အား ရင် ဘာ လုပ် ..ဗွီဒီယို ကြည့် ...ဂိမ်းဆော့ ...လက္ဘက်ရည် ဆိုင် ထိုင်...တောဘက် က သူငယ် များ ကြ ပြန်တော့ ..ဇယ် တောက်တယ် ခင် ဗျ.. ဝါ သနာ ကြီးတဲ့ သူငယ် များ ကြ တော့ အတုမြင် အတတ် သင် လို့ ဂျုံးဂျုံးကျ ဝိုင်း ကြက် ဝိုင်း ချီတက် ကြ တာ ပေါ့ ဗျာ ..တိုး တိုး တိတ် တိတ်...။ နောက် များ ခေတ် ကာလ က ရွေ့ လျား လာ ပြန် တော့ ဂိမ်း တောင် အတော် စုံ စုံ လင်လင် ဖြစ် လာပြန် တာကိုး ခင် ဗျ...။ ဟို ဂိမ်း သည် ဂိမ်းနဲ့ အတော် စုံ ..ဆိုကိုး ခင် ဗျ...သဟာ နဲ့ ...ထုံး စံ အတိုင်း ငြီးငွေ့ လာ ကြပြန်တာပေါ့ ခင်ဗျာ...။



ဂလို နဲ့ ..သိသလောက် ကတော့ လွန်လေသော ငါးနှစ် ကျော် ကျော် ...ခြောက် နှစ် လောက် က စလို့ ကျွန်တော် တို့ ရဲ့ ဂုဏ် ယူ ဝင့်ကြွား ထိုက် လှ စွာ သော ပြည် မြန်မာ ကြီးမှာ "ဘလဂန် နွက်" ဆိုတဲ့ ကန်ပလနီ ကြီး မိုးကျ ရွှေကို ယ် အလား ပေါ်ပေါက် လာပြန် ပါ လေ ရော လား ခင်ဗျ...။ အရှင် မွေးတော့ နေ့ချင်းကြီးလို့ ဆိုသကိုး ဗျ..။ " ဘိုလ ပြုတ် ခွင်ညွင့်" ရဲ့ ချစ် လှစွာသော သားချော် လေးက .... "ငါဟဲ့ ခွင်ညွင့် သား .....ထည့်လိုက်မယ် ဟဲ့ ချုဆီ ....ချုဆီ ...." ဆိုတဲ့ ပြီး ကြွားကြွား ငွင့်ငွင့် နဲ့ တည် ထောင် လိုက်ပါလေ ရော လား ခင် ဗျ...။ တိုင်းပြည် ကြီး နားပွင့်  မျက် စေ့ ပွင့် အောင် ဆိုပဲ ....။ ကောင်းလိုက် တဲ့ အကြံ...။ အပြော လေး ကတော့ ရွှန်းလို့ ခင် ဗျ...။ ရွှေမန်း တင် မောင် ကြားကား ...........သူ့ အမေ ဒေါက် တို ခွင်ဂွင်း ရွှေ.........စီး ဖူး သလား မှတ် ရ ..ဟာ ..ဟ..။ ရွှန်း ချက် ဗျာ...။




အင်း... သိတော် မူ ကြ တဲ့ အတိုင်း ... ဘိုလဂျုပ် သား ထိပ် ..တွိုင်း မှူး သားမက် ဘိတ် ....ဆို သလို ပေါ့ဗျာ...။ သင်း တို့ အပေါင်း အပါ တသိုက် က ဗွေဆော် ဦး ဈေး ဦး ဖေါက် ဆိုပဲ ....။ ပြီးတော့ ကာ မန်းနီိး ဝါလား ..သူဌေးသား တို့ တသိုက် ညနေတိုင် အပျော်လိုက် ဖို့ ဒိတ်ကြတာတောင် အီးမေးလ် လေးနဲ့ ဆိုပဲ ခင် ဗျ...။ သူရို့ မို့ နံနံ စော်စော် ...အဟား...ဖင်ခေါင်း စတား ကြပုံ များ ပြောပါတယ်...။ ကြားဖူး နားဝ ရှိသလောက် က တော့ "နက် တက် တက် ကဒ်" တကဒ် ကို ၅၀၀၀ ဆိုပဲ ခင်ဗျ....။ နာရီ ၂၀ လောက် တော့ အသုံးခံ သပေါ့ လေ...။ သို့ပေငြား လည်း အနှီကာလ က "ဂျလေပီတော့ခ်" ဆိုတာ တောင် သုံးလို့ မ ရ သေးဘူး ခင်ဗျ....။ ဘယ် ရမလဲ ဗျာ...။ အဟား....။ ကိုယ် တော် တို့ သိချင် သပ ဆိုရင် လည်း ခွင်ညွင့် သား တော် ဂျီး ကိုသာ ဆက်သွယ် တော် မူကြပါကုန်..ကျွန်တော် က ကြောက်တတ်တယ် ခင်ဗျ.....။ဤ ကား စကား ချပ် ။



သို့ ကလို နဲ့ ...... ဘိုလဂျုပ် တို့ တ သိုက်က ဖါးလေး ငါးလေး ပျော် ပါ စေ ဆိုတဲ့ ပြီး ရွြှေ ပွန်က ရေသွန်တော် မူ ကြပါ သတဲ့ဗျား....။ ဆိုတော့ ကာ မီဒလီယာ ရေးစီး ကြောင်း လေး က မသန့် တသန် နဲ့ ထန့် ထန် လာ ပေ သပေါ့ ခင် ဗျာ...။ ကွင်မြူနလီကေး ရှလင်း ဆိုတာ ကြီးကလဲ လွှတ် ကောင်း လာတာပေါ့ ခင်ဗျာ...။ နွားသိုး ကြိုးပြတ် လာသလား မှတ် ရ ... ဟား ဟား..။ ထန် ချက် ဗျာ...။



ဒီလို နဲ့ ပဲ ..ခေတ်ကာ လ သားသမီးတွေ ခမျာ...ကိုယ့်  ချက် ကလေး တွေ ကိုယ် ချေး(ဂျီး)ထွတ် ပြီးတော့ ကာ ဟိုဟို ဒီဒီ တင် ကြ ပြန်တာ ပေါ့ ခင်ဗျာ...ပြော ကြတာကတော့ ...ချက် ရွန်း ဆိုလား ပဲ ခင်ဗျ...ဟာ ဟ...။ နောက် ရှိသေး သဗျ...."ဂူ နှင့် ယိုး မှား ရွှေး စကား" ဆိုလား ဘာဆို လား ပဲ ခင်ဗျ.. သူရို့ အဆို ...ဟို အရင် အဲ သည့် မှာ အနူတော မှာ လူ ပေါ လုပ် နေကြတဲ့ သူဂေါင်းသား တွေက တော့ သိရသလောက် မောက်စ် တဲ့ ...ကို ဗလကြီး တဲ့ ....အာကီဒို ...လူမောင် တဲ့.... ပါ ခင် ဗျ ။ နောက်တခု က "သား အ မိ ဆပ် ကော့ လပ် ကော့ စစ် " ဆို လား "သားအမိ က လက် တက် တက် စစ်" ဆိုလားပဲ ဗျ...သား အမိ တောင် ဆပ် ကော့လား မလပ်ကော့ လား ... ကလက် လား မကလက် လား ...ဆန်းစစ် ဦးမယ် ဆိုတဲ့ သဘော ..သဘော..။ နောက် "အေးနု ဖင်" ဆိုလား ပဲ ...။ အ ဟား... များ ချက် ဗျာ..ချက် ရွန်းတွေ များ.... လွှတ် ပေါ တာ ကိုး ဗျ...။ ကျွန်တော် တို့ ရွှေမြန် မာ တွေ ကြား ရွှေ ပန်း အစား ဆုံး ...အဲ လေ...ယောင် လို့ ...ရေပန်း အစား ဆုံးက မိဘ ပြည် သူ များ သိ တော် မူ ကြတဲ့  အတိုင်း ဂျလေပီတော့ခ် (ဝါ) ဂျီတော့ခ် ပါတဲ့ ဗျား......။



အား ရ စရာ ဗျာ... တိုး တက် ပြောင်း လဲ လာပုံ များ ပြော ပါတယ်..။ ဟားဟား...။သို့ ကလို နဲ့ အနှီ ခေတ်ကာ လ သား သမီး များက ချက် တောင် ရိုး ရိုးချက် ကို မတင် ချင် တော့ ပါဘူး တဲ့ ဗျား...။ ပုံ ပြင် ဆရာ များ ပြော သလို ...ဝက် ကို ကင် ကင် ပြီး မှ ချက် ချင် ကြ ပြန် တော့ တာ ပါ တဲ့ ဗျာ...။ အ ဟား......။ အ ဆီ တထပ် အသား တထပ် ပေါ့ ...။က မ္ဘာ မှာ မြန် မာ ဟေ့ လို့ ဂုဏ် ယူ စရာ ပေါ့ ခင် ဗျာ....။ ကောင်း ချက်........ စိတ် ပျက်စရာ ....။လွဲ ချက် ကယ် ဖန်ဖန် နာ ပါ ပေါ့ လား အမယ် မင်း....။



မိဘ ပြည်သူများ သိ တော် မူ ကြတဲ့ အတိုင်း .....ခေတ် ကာ လ သားသ မီး များ တော့ ... ပြော .....ပြော ချင် ပေါင် ဗျာ....။ လွှတ် ပျော် ကြတာ ကိုး ခင် ဗျ...နွား ခြေ ရာ ခွက် မှာ ...။ ဖေါ်ကောင် ကို ကို တို့ ကလည်း တယ် ဝါသနာ ကြီး ထင် ပါ့ ဗျား....။ စု ဆောင်း ထား တာ လေး တွေ တင် ပြထား တာ များ ...မြောင်း ထဲ က ရေ တီ လေး တွေ ထင် ရ ..ပေါ ချက် ဗျာ...။ ကဲ သိပြီးသူ များ လည်း ထပ် မံ လေ့ လာ ကြပေါ့ ဗျာ... အသစ် အသစ်သော ခေတ်ကာ လ သားသမီးတွေ မြိုင်ထ နေကြ တာ တွေ့လို တွေ့ ငြား ပေါ့ ...။ မသိ သေး သူ များ လည်း သွား ရောက် လေ့ လာ ကြည့် ရှု ကြစေသော်ဝ်...။ လင့်ခ် လေး ကတော့ http://www.qqsein.blogspot.com/ ပါတဲ့ ဗျား...။ မတထောင် သမီးများ မြူးချက် ဗျာ...။



ကဲ ....ကဲ ...ကျွန်တော် လည်း မျက် စေ့ ဆရာ ဝန် နဲ့ သွားတွေ့ ချည် ဦး မဗျာ...။ ကောင်းတော့ ကောင်း တယ် ...ဒါ ပေ မယ့် မျက် စေ့ စပ် ဆို တာ ဒါ မျိုး ထင်ပါ့ ................... ဟား ဟား...။

1 comment:

Anonymous said...

လူငယ်တွေ တိုးတက်ဖို့ ငွေကြေးလိုအပ်တယ်
ဆင်းရဲတဲ့လူငယ်တွေတိုးတက်ဖို့
ငွေရှာမယ်
ငွေရှာဖို့အရင်းအနှီးမရှိတော့
စော2ကပြောတဲ့နိုင်ငံကြီးဆီ ရောက်သွားတာ
ထင်ပါရဲ့နော် ....
(အဲလိုရော တွေးမိဘူးလား)

ကျန်းမာပျော်ရွှင်ပါစေဗျာ, သားစဉ်မြေးဆက် NLD and SPDC ဒုက္ခ မှကင်းလွတ်ပါစေ။ NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....အွန်လိုင်းတော်လှန်ရေး သမားများလည်း ဆက်လက်၍ အသံကောင်း ဟစ် နိုင်ကြပါစေ...ဘဝင်ရူး အဖြစ်မှ ကင်းဝေးကြပါစေ... လေမိုင်း ခွဲ နိုင်ကြပါစေ...