Sunday, June 22, 2008

ခြေလှမ်း အမှတ် နှစ်

မပြော မပြီး မတီး မမည် ဆိုသလိုပေါ့ဗျာ... ပြောချင်တာတွေကတော့ ပုံလို့ပေါ့ .. စပြောချင်တာက ဟိုလိုလို ဒီလိုလို အွန်လိုင်းဆွေးနွေးရေးသမားတွေကိုပဲဗျ... တွေ့တွေ့နေရတယ်ဗျာ... ဘလော့တကာ က စီပုံးတွေမှာ င်္ဘီယာသောက်ပြီး ဝင် အပေါ့စွန့်နေကြသလား မှတ်ရ.. တယ်လဲ ဝါသနာကြီးကြပေသကိုးဗျ.. အငြင်းအခုံဘက်မှာ... ကျောင်းစာသာ ဒီလောက် ကြိုးစားခဲ့ ကြမယ်ဆိုရင် ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်နေတာ ကြာပေါ့ခင်ဗျာ။


လွဲချက်ကနာ... မယောင်ရာဆီလူးချင်ကြသကိုးဗျ... ဒီလိုမျိုးသာ တကယ် ပြောနေကြသလို လုပ်ကြမယ် ဆိုရင် .. မြန်မာပြည်ကြီးလည်း အာဏာရှင်အောက်က လွတ်မြောက်တာ ကြာပေါ့ ခင်ဗျာ... ခုတော့ကာ ဆွေးနွေးပြီးရင် ဘာလုပ်မှာတုန်း ယောင်လို့ မမေးလိုက်နဲ့ ဆွေးနွေးပြီးရင် ထပ် ဆွေးနွေးမှာပေါ့လို့ မဖြေကံကောင်းတယ်မှတ်။ ဒီလိုမေးတော့ မင်းက ဟိုမိုလား နအဖ ဘက်တော်သား အောက်ဆွဲလား... မေးပြန်ကြသေးသဗျ... မတူရင် ဝိုင်းဝန်းဆဲဆို တောထုတ်တဲ့ ယဉ်ကျေးမှုကလည်း အတော် ထွန်းကားနေပြန်သေးသကိုး ခင်ဗျာ.. အဟား... ကျလဲ ကျလောက်ပါပေရဲ့ ခင်ဗျာ။


ဒီလို့နဲ့ တော့ ...အင်း .. ကြား နေတဲ့ သူတွေကို ကျပြန်တော့ အချောင်သမား ခြံစည်းရိုးပေါ် ခွထိုင်လို့ ဆို ပြီး ကဲ့ရဲ့ ကြ ပြန်ရော.... ဟိုဘက်မပါ ဒီဘက်မပါ ဆိုတဲ့ လူတန်းစားပြည်သူတွေ ဆိုတာ ဒုနဲ့ ဒေး... ဒါလေးလဲ ထည့်တွက်ဖို့တော့ လိုမယ်ထင်တယ်ဗျ... နော. နအဖ မကောင်းမှန်းကတော့ လူစိတ်ရှိတဲ့ လူဆိုရင် သိကြပေသပေါ့ဗျာ... အဆန်းမှတ်လို့ ... ဒါပေမယ့် စဉ်းစားစရာ တချက် က ပြည်သူတွေ စိတ်ထဲမှာ ဘာတွေ ရှိသလဲ ဆိုတာကို မလေ့လာကြပဲ အွန်လိုင်းမှာ အသံကောင်း ဟစ်နေကြတယ် လို့ ဆိုရလောက် အောင်ပါပဲ .. လွဲချက်ဗျာ... နောက်တချက် .. မညှာတမ်း ပြောရရင် .. ရန်ကုန်ပြည်သူလူထု များတာမှန်ပေမယ့် နယ်က လူတွေ က ပိုအခရာ ကျတယ် ထင်သဗျ... တနိုင်ငံလုံး အတိုင်းအတာနဲ့ တွက်ရင်ပေါ့ ဗျာ... ပြီးတော့ နယ် မှာနေတဲ့ ပြည်သူ အတော်များများက နိုင်ငံရေးတွေ ဒီမိုတွေ ဟိုမိုတွေ.. ရန်ကုန်မြို့နေ လူထုနဲ့ ယှဉ်ရင် သိပ် စိတ်ဝင်စားကြတာ မဟုတ်ဖူးခင်ဗျ... အမြင်မကျယ်ကြလို့ပါ . စားဝတ်နေရေး လုံးပန်းနေရလို့ပါ ငတ်နေကြတာကိုး လို့ ဆိုကောင်းဆိုကြလိမ့်မဗျ.. နော်.. ဒါပေမယ့် နယ်မှာနေတဲ့ လူငယ် ဆယ်ယောက်ကို မေးကြည့် ရှစ်ယောက်လောက် က ဒေါ်အောင်ဆန်းဆုကြည် အကျဉ်းစံ ဘဝကို သေချာ မသိကြဘူးဗျ.. နောက်ဆုံးအကြိမ် အဖမ်းခံလိုက်ရတာ ဘယ်မှာလဲ ..ဘာ့ကြောင့်လဲ .. ဘယ်တုန်းကလဲ စသဖြင့် မေးခွန်းပေါင်းများစွာ ပြန်မေးကြလိမ့် မဗျနော် ...


အွန်လိုင်းမှာတော့ နအဖ ဆိုတဲ့ အသံတွေက မိုးမွှန်လို့ သူတို့မေးကြည့် နအဖ ဆိုတာ ဘာမှန်းတောင် သေချာ သိချင်မှ သိမယ် ဗျ... နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဆိုတာလေကွာ လို့ပြောမှ သိကြမယ့် သူတွေ လွှတ်ပေါတာ ကိုး ခင်ဗျ.. အသိအမြင်မကျယ် ကြလို့ ဆိုတာတော့ ဟုတ်ဟန်မတူဘူးဗျ... စဉ်းစားစရာနော... အစိုးရက ဟိုပိတ်ဒီပိတ်နဲ့ မီဒီယာရေစီးကြောင်းကို တမံ ဖို့ပြီး စီးစေချင်တဲ့ နေရာလောက်သာ ကွက် ပြီ်းစီးဆင်းစေတာကလည်း အကြောင်းတချက်ပေါ့ဗျာ....


နောက်တခု စူးစမ်း ချင်တဲ့ တချို့ လူကြီးပိုင်းတွေကတော့ဖြင့် ညနေတိုင်ရင် ဘီဘီစီလေး ဘာလေး ရေဒီယိုလေး တိုးတိုးတိတ်တိတ် ဖွင့်လို့နားစွင့် တတ်ကြတာပေါ့ခင်ဗျာ။ ဒါပေမယ့် နားထောင်ပြီး ပြီးသွားတာပဲဆိုတဲ့ သူတွေက အများသား ခင်ဗျ... ဒီလိုဆို သူတို့ ကို ဒီလိုနယ်နေ ပြည်သူလူထုကို အချောင်သမားတွေ လို့ ယိုးစွပ်ကြမလား...

ကဲ.. စဉ်းစားကြည့်လို က် ကြရအောင်လားဗျာ...

ဆက်ရန်.....






myanmar
ကျန်းမာပျော်ရွှင်ပါစေဗျာ, သားစဉ်မြေးဆက် NLD and SPDC ဒုက္ခ မှကင်းလွတ်ပါစေ။ NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....အွန်လိုင်းတော်လှန်ရေး သမားများလည်း ဆက်လက်၍ အသံကောင်း ဟစ် နိုင်ကြပါစေ...ဘဝင်ရူး အဖြစ်မှ ကင်းဝေးကြပါစေ... လေမိုင်း ခွဲ နိုင်ကြပါစေ...