ကောလိပ်ကျောင်းရောက် သားငယ်မှ မိဘများထံပေးစာ....
အဖေနဲ့ အမေ ခင်ဗျား...ကျန်းခံ့ သာလို့ မာပါစ ။ 
ဒီမှာတော့ ကျောင်းရောက်တဲ့ တလလုံးလုံး        ဘာစာမှ မသင်ရပါဘူး  ၊    စာသင်ခန်းတွေ ဆီကို   မသွားဖြစ်လို့  ။    သွားဖြစ်တဲ့ တရက်ကလည်း      ညဘက်ဖြစ်နေတယ်   ။     အဲဒီ ညက မီးမလာဘူး  ။       ပြီးတော့   ဆရာလည်း မလားဘူး   ။  
စာသင်တဲ့      တနေ့မှာကျတော့     ဆရာက အတန်းထဲမှာ     ပြောတယ်  ။      " ဒီအခန်းထဲမှာ    နလပိန်းတုန်း  ရှိရင် မတ်တပ်ရပ်စမ်းဟေ့   "    တဲ့   ။        သားတို့ တတန်းလုံး   ငြိမ်ပြီး    ဘယ်သူမှ      မလှုပ်ကြဘူး   ။      ဒါနဲ့ပဲ ခဏ နေတော့      သားမတ်တပ်ရပ်လိုက်တယ်    ။         အခန်းထဲမှာ    ဆရာတယောက်ထဲ      ရပ်နေတာကို       အားနာလို့    ။ 
ကောလိပ်ကျောင်းသား ဆိုပြီး      ဘောင်းဘီနဲ့ ရှူးဖိနပ်နဲ့      ကျောင်းတက်လို့ မရပါဘူးဗျာ   ။      သင်္ချာတွက်ချိန်ကျလို့      ဆယ်ဂဏန်းကျော်သွားရင်          ရှူးဖိနပ်ကို    ချွတ်ပစ်နေရတာ   အလုပ်ရှုပ်လွန်းလို့   ။       
ကောလိပ်ကျောင်းမှာ       ကျောင်းသူလေးတွေ     ချောတယ်     ။       အဖေတို့    အမေတို့   အတွက်         ချွေးမလောင်းကိုရွေးပြီး        ရည်းစားစာ တစောင်        အင်္ဂလိပ်လို ရေးပြီး        ပေးလိုက်တယ်   ။       သားကို   အင်္ဂလိပ်လို    တတ်လှပြီလို့       မထင်နဲ့    ။   သားမရေး  တတ်ပါဘူး  ။      ဒါပေမယ့်   ကိစ္စ မရှိပါဘူး        ။       ကောင်မလေးကလည်း        အင်္ဂလိပ်လို      မဖတ်တတ်ဘူး    ။    
စာရေးတာ နားဦးမယ်   ။     သားသိပ်နေမကောင်းဘူး  ။     ဟိုတပတ်က     ဆရာက    မင်းတို့     "   အပြင်စာတွေ           များများဖတ်ရမယ်  "       ဆိုတာနဲ့        ညဘက် အပြင်ထွက်ပြီး စာဖတ်တာ        အအေးမိသွားတယ်    ။       နေမကောင်းဖြစ်လိုက်တာ     ပိန်သွားလို့     ရွာက ယူလာတဲ့     ဦးထုပ်တောင်      မတော်တော့ဘူး    ။       အဲဒါနဲ့    နောက်စေ့ကို    တူနဲ့ ထုထားရတယ်         ။           ဒီတော့မှာ    နောက်စေ့မှာ     ဘုထွက်ပြီး     ဦးထုပ်က    ကျွတ်မကျတော့ဘူးပေါ့      ။     
ပြီးတော့    မနက်ဖြန်မှာ    သားတို့ကို   blood test       စစ်မယ်ဆိုလို့     ဒီညတညလုံး   စာကြည့်ရဦးမယ်   ။  
ချစ်သား  ။   
**  စာကြွင်း  ** 
ဒါနဲ့ အမေ    နောက်တပတ်မှာ     ဂျူလီယာရောဘတ် အကြောင်း      အရေးတကြီးလေ့လာရဦးမယ်    ။     အဲဒါ    ပိုက်ဆံလိုတယ်   ။   ပို့ပေးပါဦး   ။ 
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကောလိပ်ကျောင်းရှိ  သားထံ     အမေ့ ပေးစာ....
အမေ အသက်ရှင်ဆဲပဲ ရှိသေးတယ် ဆိုတာ    သားသိအောင်      စာလှမ်းရေးလိုက်တာပါ    ။    မင်းစာမြန်မြန်    မဖတ်နိုင်မှန်းသိလို့    အမေ ဒီစာကို   ဖြည်းဖြည်းပဲ     ရေးလိုက်တယ်    ။   
မင်းအိမ်ပြန်လာရင်    အိမ် ဘယ်မှာမှန်း        သိမှာ မဟုတ်ဘူး    ။    အမေတို့   ပြောင်းသွားကြပြီ   ။ 
မင်းအဖေလား .....အခု အလုပ်ကောင်းကောင်း    ရနေပြီ    ။     သူ့အောက်မှာ    လူ  ၅၀၀   လောက်ရှိတယ်    ။    သင်္ချိုင်းမှာ    မြက်ရိတ်နေရတယ်လေ   ။    အခု   အမေတို့   အိမ်အသစ်မှာ      အဝတ်လျှော်စက်   တလုံးရှိတယ်   ။   သိပ်တော့  မကောင်းလှပါဘူး    ။    ပြီးခဲ့တဲ့ အပတ်က       အမေ အဲဒီ အထဲ ရှပ်အင်္ကျီ  ၁၄ ထည်  ထည့်တယ်   ။       ပြီး   ၊       သံကြိုးကို ဆွဲလိုက်တာ      အဲဒီအင်္ကျီတွေကို    အဲဒီကတည်း  က     ပြန်မတွေ့ရတော့ပါဘူး   ။  
သား  အမ မေရီလည်း    ဒီနေ့ မနက်ပဲ   ကလေးမွေးတယ်    ။      သားလေးလား   သမီးလေးလားတော့     အမေ မသိသေးဘူး   ။   အဲဒီတော့    မင်းက   အန်တီဖြစ်မလား   ၊    အန်ကယ်ဖြစ်မလား   အမေလည်း   မပြောတတ်ဘူး  ။   ပြီးခဲ့တဲ့   အပတ်ထဲမှာ     မင်းရဲ့   အန်ကယ်ဒစ်လည်း       တို့မြို့ က     အရက်ချက်စက်ရုံမှာ     ဝီသကီ  ကန်ထဲ   ကျပြီးနစ်လို့   ...  ။      သူ့လုပ်ဖေါ် ကိုင်ဖက်    တချို့ က     ခုန်ဆင်းပြီး     ကယ်ကြသေးတယ်     ။      ဒါပေမယ့်   သူက    ကယ်တဲ့ သူ   အားလုံးကို    သတ္တိရှိရှိ   တွန်းလှန်နိုင်ခဲ့တယ်   ။     သူ့ကို  သင်္ဂြိုလ်တော့    အဲဒီ မီးကို     ငြိမ်းရတာ      သုံးရက်ကြာတယ်    ။  
ပြီးခဲ့ တဲ့    အပတ်က    မိုးနှစ်ခါ   ရွတယ်    ။    တခါ က     သုံးရက်ကြာပြီး  ၊    နောက်တခါ က    လေးရက်ကြာတယ်       ။       တနင်္လာနေ့တုန်းကများ      လေတွေတိုက်လိုက်တာ    ခြံထဲက     ကြက်မတကောင်ဟာ        ဥတလုံးထဲကို        လေးခါ   ဥ  ရတယ်   ။      အသုဘ  အလောင်းပြင်ဆင်ပေးတဲ့    အိမ်က      စာတစောင်    မနေ့ က  ရတယ်   ။  သူက      အမေတို့ ပေးစရာရှိတဲ့    ကြွေးကျန်ကို      ( ၇ )  အတွင်း  မပေးရင်       မင်းဘွားအေကြီးကို       ပြန်ထအောင်လုပ်လိုက်မယ်တဲ့     ။   
ချစ်တဲ့     အမေ    ။    
p.s :    အမေ  သားအတွက်      ဒေါ်လာ   ၅၀  ထည့်ပို့ မလို့ပဲ    ။   ဒါပေမယ့်   စာအိတ်က   ပိတ်ပြီးသွားပြီ   ။    
source :  The   Treasury   of   Clean   Jokes
[ILX]≡ PDF Gratis Abolicion del pato Spanish Edition Larry La 
FountainStokes Books
                      -
                    
Abolicion del pato Spanish Edition Larry La FountainStokes Books
Download As PDF : Abolicion del pato Spanish Edition Larry La 
FountainStokes Books
[image:...
6 years ago
 
 
 
 
 



No comments:
Post a Comment