Sunday, July 13, 2008

ခြေလှမ်း အမှတ် ကိုး

ကဲ..... ပြောစရာ တွေ က ရှိရှိ လာတယ် ဗျို့..... ။ မ ပြော ပါဘူးလို့ နေခါ မှ ပြော စရာတွေ က ရှိဖြစ်အောင် ရှိရှိလာတယ်ဗျာ.....။ ထုံးစံ အတိုင်းမီဒီယာ ကိစ္စ ပေါ့ဗျာ...။ မီဒီယာတွေ ဟာ လူတွေ ရဲ့ အသိဥာဏ် နဲ့ ဗဟုသုတ ကို တတပ်တအား လမ်းပြ ဖေါ်ဆောင်ပေး နေကြတယ် ဆိုတာတော့ မငြင်းလိုပါဘူး...... ။ ဒါပေမယ့် မှိုင်းတိုက်ပေးတဲ့ ရန်တိုက်ပေးတဲ့ မီဒီိယာမျိုး တော့ ဖြင့် သိပ် အမြင်ကပ်သဗျ......။




တလောလေး ကမှ ခြင်္သေ့တို့ တိုင်းပြည်မှာ မြန်မာ အိမ်ဖေါ် မိတ်တယောက် ဘဝတပါး ကို ကူးပြောင်းသွားသတဲ့ဗျာ....။ အသေး စိပ် တော့ ချစ်ကို ကြီးလဲ မသိပေါင်ဗျာ.... ဟိုလူပြော ဒိလူပြောလောက်တော့ သိပါရဲ့... ။ မခင်ချိုဦး ဆိုလား ဘာဆိုလား ပဲ ...။

http://www.zinkolatt.net/2008/07/blog-post.html ဒိ ဘလော့ မှာ တွေ့မိလို့ ကွန်မန့် လေးတောင် ဝင်ရေးမိပါရဲ့ ဗျာ... ပြီးမှ ကိုယ့် အမြင် ကိုယ့် ဘလော့မှာ တင် တာ ကောင်းပါတယ် ဆိုပြီး စဉ်းစား မိတာပဲ ....ကော်ပီ အန် ပေ့စ် ပြန်လုပ်လိုက်ပါတယ်ဗျာ......။ သူများရေးတာ ကူးချတယ် လို့ထင်ရင်လည်း ထင်ဗျိုး....။ မယုံရင် အဲဒီ ဘလော့ ဂါနဲ့ ဆက်သွယ် နိုင်ကြပါတယ်.... ။ သဘော ပါဗျာ... ။




Anonymous said...
အမ်...ပညာတတ်ဆိုတာ ဘွဲ့ရကို ခေါ်တာတဲ့လား....ဟုတ်မှာပေါ့လေ.. ။ ဒါဆို မြန်မာပြည်မှာ ပညာတတ်တွေ ..အတော် ပေါတယ် ဆိုတဲ့ သဘောပေါ့နော်... ။ ပြီးတော့ အသက် သုံးဆယ်နီးနေတဲ့ အိမ်ထောင်ရှင် ..သားသယ် အမေ တယောက် ဟာ ရင့်ကျက်နေဖို့သင့်ပါပြီ...တော်ရုံတန်ရုံ လောကဓံကို ခံနိုင်ရည် ရှိဖို့သင့်နေပါပြီ။ နေရာတကာ အကြောက်တရားကို ရင်မှာပိုက်နေရမယ့် အရွယ်လည်း မဟုတ်တော့ပါဘူး...။ ဒီ လို အကြောက်တရားနဲ့ လုပ်ချင်တာ ဇွတ်လုပ်တတ်ရင် သူ့သားသမီးကိုသူ ဘယ်လိုထိမ်း မတဲ့တုန်း။ သူ့ကို Nurse အလုပ်ပေးမယ်ဆိုပြီး စင်္ကာပူကို ခေါ်လာတာပါ လို့ဆိုတယ်။ထားပါဦး...ဘာပဲဖြစ်ဖြစ် လုပ်နေရပြိ ဆိုတော့ အဆင်မပြေဘူး တစုံတရာ အကြောင်းရှိတယ် ဆိုရင် သူ့ရဲ့အေးဂျင့်နဲ့ ဆက်သွယ်ပြီး နောက်တအိမ်ထပ်ပြောင်းလို့ရသေးပါတယ်....။ လဲဗီးကြေးတနေ့ ၈ကျပ်နဲ့ စားစရိတ်တော့ကိုယ့်ဟာကိုယ် ခံရပေါ့လေ...နေတာ ကတော့ ဖရီးပါ.....၃ အိမ် အထိပြောင်းလို့ရပါတယ်...အဲ ဒီအေးဂျင့်နဲ့ ဆက်မလုပ်ချင်တော့လို့ နောက်အေးဂျင့်ကို ပြောင်းမယ် ဆိုရင်လည်း ရွာကို ပြန်စရာမလိုပါဘူးတဲ့ ဗျား... ။ စလုံးမှာတင် ချိန်းလို့ရပါတယ်တဲ့...။ အေးဂျင့်ဖီး တော့ ထပ်ပြီး အကြွေးစာရင်းထဲ အပေါင်းခံရသပေါ့လေ.....။ ၁၂၀၀ ဆိုလား ပဲ ။ မြန်မာပြည်ကနေ လာ...လေယာဉ်ပေါ်ကနေ ဆင်းဆင်းခြင်း အလုပ်တန်းဝင်ရတာမျိုးမဟုတ်ဘူးဗျ ။ အလုပ်လုပ်ရမယ့်အိမ် မရခင်စပ်ကြား အေးဂျင့်လူစုတဲ့ အိမ်မှာ ခဏ လောက် နေရပါတယ်ခင်ဗျ...အဲဒီမှာလည်း ဝါရင့်တဲ့သူက ဝါနုတဲ့ သူကို သင်ပြပေးကြပါတယ်...ဘယ်လိုဖြစ်ရင်ဘယ်လိုလုပ် ဘယ်သူ့ကိုဘယ်လိုဆက်သွယ် ဆိုပီးတော့..။ ပြီးတော့မှ အင်တာဗျူးဝင်ရတာပါ...ကြိုက်တဲ့ အိမ်ရှင်က ခေါ်လိမ့်မပေါ့ဗျာ..အဲ ...မကြိုက်လို့ မလိုက်ဘူး ဆိုလဲ ဆက်ပြီး နောက်ကိုယ့်ကိုရွေးမယ် သူ အိမ်ရှင်ကိုစောင့်ပေါ့ဗျာ... ။ အေး ...ပေးရတယ် ဆိုတာလည်း ဘာမှလက်ငင်းပေးရတာ မဟုတ်ဘူးဗျ...ရန်ကုန်မှာ ပါတ်စ်ပို့ လုပ်တာ က အစ ၁၉,ဒီဖေါင်အလယ်...လေယာဉ် လက်မှတ်အဆုံး အကုန်လုံး စလုံးရောက်မှ လစာထဲ ကပြန်ဖြတ်မယ်ဆိုပြိး..အားလုံးအကြွေးစနစ်နဲ့ သဘောတူလို့လာခဲ့ကြပါတဲ့ဗျား...အိမ်မပြောင်းဘူး အဆင်ပြေတယ် ဆိုရင်တော့ ၈ လ စာဆပ်ရပါတယ်တဲ့ခင်ဗျ..အဆင်မပြေဘူး ပြောင်းမယ် ဆိုရင်တော့ ၃ အိမ် အထိက ဖရီး...နောက် ထပ်ပြောင်းရင် ကတော့ ထပ်ပြိး အကြွေးမှတ်ပါတယ်... ။ ပိုပြီးတော့ ဆပ်စရာ များလာတာပေါ့လေ...အဲ ...ဘာပဲဖြစ်ဖြစ် အိမ် တအိမ်ရောက်ပြီဆိုတာနဲ့ ..သင်စ၇ာပြစရာတွေ သင်ပြပြီးတဲ့နောက်မှာ...အော့ဖ်ဒေး အတွက် ညှိကြရပါတယ်ခင်ဗျ...ပထမ ဆုံးလကိုတော့ အော့ဖ်ဒေး မပေးတာများပါတယ်။ အဲ...နောက်တော့ အော့ဖ်ဒေးယူချင်လဲ ယူ မယူဘူးဆိုရင်လည်း အိမ်ရင် က မုန့်ဖိုး ၂၀< ၂၅ ထပ်ပေးလေ့ ရှိပါတယ်ခင်ဗျ...ဘယ်ကိစ္စပဲဖြစ်ဖြစ် အိမ်ဖေါ်တယောက် တခုခု အဆင်မပြေဖြစ်ရင် အေးဂျင့်နဲ့ ဆက်သွယ်ညှိနိုင်းလို့ရပါတယ်ခင်ဗျ...မြန်မာ မိတ် တယောက်ရဲ့လစာက ၃၀၀ ကနေ ၄၅၀ အထိ ရှိပါတယ်...ကျွမ်းကျင်မှု အလိုက်ပေါ့လေ..အဲ အကြွေးကို ခုနှိမ်ရာမှာလည်း အကုန် မယူသေးပါဘူးတဲ့ဗျား...ဥပမာ..၃၀၀ရတဲ့ မိတ် တယောက်ဟာ .. ပြန်ဆပ်တဲ့အခါ ၅၀ ကို မုန့်ဖိုးအဖြစ်ချန်ပြီးတလ ၂၅၀ ဆပ်ရပါတယ်... ။ အဲဒီ ၅၀ ဟာလည်း မြန်မာမိတ်တွေ စု.. စုပြီး ရွာပြန်ပို့တတ်ကြတာ ပါပဲ.. ။ နေစရိတ်စားစရိတ်ငြိမ်းတဲ့အိမ်ဖေါ်တယောက်အတွက် တလ ၅၀ ဟာ ကောင်းကောင်းကြီးလောက်ပါတယ်..အိမ်ရှင်က သဘောကောင်းလို့ ဈေးဖိုးပိုတာ ပြန်မယူတာတွေ ဘာတွေ ရှိရင် စုနိုင်ပါသေးတယ်...ဒါမျိုးတကယ်လဲ ရှိပါတယ်..။ဖုန်းဖိုးတွေဘာတွေဘယ်ကရလဲ မေးဦးမလားခင်ဗျ...ကိုကိုမောင်မောင်တို့ဆီက ရပါတယ်ခင်ဗျ..ဖုန်းဗွီဒီယိုတွေ ထဲမှာ မြန်မာမိတ်တွေ ကုလားတွေနဲ့ ကြည်ကြည်ဖြူဖြူ ဖြစ်ပျက်နေတဲ့ ပြကွက်တွေ ခေတ်စားနေတယ် ဆိုတာ လဲသိစေချင်ပါတယ်။ ကိုယ်ကျင့်တရားကောင်းတဲ့ မိန်းကလေးမျိုးတွေကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ချွေချွေတာတာ ချင့်ချင့်ချိန်ချိန် သုံးကြပါတယ်...ဒါက စင်္ကာပူမြန်မာ အိမ်ဖေါ် လောက အကြောင်းမသိသူတွေ သိသွားအောင် တစေ့တစောင်းပြောပြတာပါ....။ ပြောချင်တာကတော့ မြန်မာမိန်းကလေးတွေ အတော်များများ စလုံးမှာ ဘာကြောင့် အိမ်ဖေါ်အဖြစ်လုပ်ကိုင်နေတာ လဲ ဆိုတော့ အရင်းခံက အားလုံးအကြွေးစနစ်နဲ့ရလို့ပါပဲခင်ဗျာ.မြန်မာလူမျိုးများ အကြွေးရရင် ဆင်တောင် သက်စေ့ဝယ်လှူတတ်ကြတဲ့ အကျင့်ကိုသိတဲ့ အေးဂျင့်တွေက သူတို့လူများများစုလို့ ရအောင် အကြွေးစနစ် ဖန်တီးလိုက်တာပါပဲ...လက်ငင်း ဘယ်နှစ် သိန်းပေးရမယ် ဆိုပြီးလုပ်ရင် မြန်မာ အိမ်ဖေါ်ရာခိုင်နုန်းဟာ ထက်ဝက်လောက် လျော့ကျသွားစရာရှိတယ်လို့ခန့်မှန်းရပါတယ်....။ အ
ဓိက ပြောချင်တာ က မြန်မာ အိမ်ဖေါ်တွေ တခုခု အဆင်မပြေရင် ခေါင်းငုံ့ခံ ရမယ့် အနေအထားမျိုး မဟုတ်ပါဘူး... ။အေးဂျင့်နဲ့ ဆက်သွယ်ညှိနှိုင်းလို့ရတယ်ဆိုတာ ဒီလောက က မဟုတ်တဲ့ သူတွေ သိရင် ဘာတွေ ပြောကြမလဲလို့ သိချင်လို့ပါ...။ ဆိုလိုတာက သူ့အပြစ်တင် မဟုတ်ဘူး....ကိုယ်တွေ ဘက်ကလည်း ဒိလိုတွေ လုပ်လို့ရရဲ့သားနဲ့ မလုပ်ပဲထင်ရာလုပ်သွားတဲ့ အမှားကြီးရှိနေတယ် ဆိုတာ အမှန်အတိုင်းသိစေချင်လို့ပါ။သူ့ အမှားကော ကိုယ့်အမှားကောရှိနေတယ် ဆိုတာပါ...ဒါကို ပွဲဆူစေချင်တဲ့သူတွေ က မြုပ်သင့်တာလေးတွေ မြုပ်ပြိး ပြောချင်တာပဲပြောပြပြီး ပွဲဆူစေ ဖို့ ကျိုးစားကြတာပါပဲ.။ အဲဒီတော့ မသိသေးသူများလည်း ဖတ်ပြီး ဝေဖန်ကြည့်ကြပေါ့ဗျာ....။

July 13, 2008 6:01 PM




အဲဒါ ပထမ ကွန်မန့် ခင်ဗျ ...။ နောက် ဖတ်ရင်းဖတ်ရင်းနဲ့ မှ စိတ်ထဲ သိပ် မသင်္ကာ လို့ ဗွီအိုအေ သတင်းဌာန ရဲ့ ပို့စ် ကို ပြန်ဖတ်ကြည့်တော့ မှ လားလား... အဲဒီ မှာ လှည့်ကွက်လေး တချို့ သွားတွေ့တော့တာ ကိုးခင်ဗျ...။ အဲဒါ ကို နောက် ကွန်မန့် တခု ကျွန်တော် ထပ် ရေးခဲ့တယ် ... စောန က ပြောတဲ့ ဘလော့ မှာ .......


Anonymous said...
သေသေချာချာ သတိထားကြည့်ကြည့်ပေါ့ဗျာ။ ဗွီအိုအေ သတင်းငှာန ရဲ့ လှည့်ကွက်လေးတွေကို..“***ကျနော့်ကိုပြောတုန်းကတော့ သူက ဦးတဲ့၊ အဖေဆူမှာစိုးလို့တဲ့။ သမီးက နာ့စ်လုပ်ရ
မယ်ဆိုပြီး ထွက်လာတာတဲ့။ ***
ကဲ အဲဒီမှာ ရှင်းပါတယ်ဗျာ...သူ့အဖေ က သူအိမ်ဖေါ်အလုပ်နဲ့ထွက်လာတာပါဆိုရင် ဆုမှာစိုးလို့ နာ့စ် လုပ်ရမယ်ဆိုပြီးထွက်လာတာပါတဲ့.....။ **** ဒါပေမယ့် တကယ်တမ်းလုပ်ရတာက အိမ်ဖော်ဖြစ်နေ
တယ်။ သူ့အဖေသိရင် စိတ်ဆိုးမှာစိုးလို့ သူ့အဖေတယောက်တည်းကို နာ့စ်မဆိုပြီး
ပြောထားတယ်။***** ကဲ အဲဒါ ကတော့ ပါးနပ်လှတဲ့ ဗွီအိုအေ သတင်းဌာန ရဲ့ လှည့်ကွက် လေးပါပဲ.. အထင်အမြင်တွေ ပြောင်းပြန်ဖြစ်သွားစေပါတယ်။ စာကြောင်းလေး ၂ ကြောင်းကို ပါးပါးနပ်နပ် လှည့်စားလိုက်တဲ့ အခါ မှာ အားလုံးက အေးဂျင့် ကလိမ်ခေါ်လာတယ် ဆိုပြီး မြင်သွားစေပါတယ် ။

*****အိမ်ရှင်အမျိုးသမီးကလည်း အရမ်းဆိုးတာပဲတဲ့။ သူ ကျနော့်ဆီကို
၆ လပိုင်း၊ ၁၁ ရက်နေ့လား၊ ၁၃ ရက်နေ့လားမသိဘူး၊ ထွက်လာတယ်။ သူ့ကို အိမ်ရှင်
မိန်းမက လက်သည်းနဲ့ကုပ်လို့ ဘယ်ဘက်လက်မနဲ့ လက်ညှိုးကြားမှာ နည်းနည်းပဲ့
သွားတယ်။ ****
ကဲ ကြည့်ကြည့်ပါဦး ...လက်သဲနဲ့ကုတ်တာကလဲ လက်မနဲ့ လက်ညိုး ကြား နေရာကိုမှ ကုတ်သတဲ့လား.....ခင်ဗျာ။ လူတယောက်ကို နာကျင်စေချင်လို့ စိတ်ဆိုးပြီး ကုတ်ရင် ဘယ်နေရာကိုကုတ်မလဲ .. လက်မောင်းတို့ ရင်ဘတ်တို့ မျက်နှာ တို့ပေါ့...
ခုတော့ကြံကြံဖန်ဖန်နေရာ ကိုမှ ကုတ်သတဲ့လား....တွန်းရင်းထိုးရင်းဖြစ်တယ် လို့ ပြောဦးမလား...ခင်ဗျားကို ပြန်ခံပြီး တွန်းထိုးတဲ့ မိတ် တယောက် ကို အိမ်မှာ ဆက်ထားမလား ကဲ ..ပြော....။ ပြန်လှန်ပြီးတွန်းထိုးရင် မခင်ချိုဦး တယောက် အဲဒီ ကထဲ က အိမ်ပြောင်းဖို့ အေးဂျင့်လက်ထဲ ပြန်ရောက်သွားပြီဆိုတာ သေချာပါတယ်...ကျန်တာ တော့ သိတဲ့ အတိုင်းပေါ့ဗျာ...ခပ်ညံ့ညံ့ အပေါစား မြန်မာ ဗွီဒီယိုတွေ ထဲ က မင်းသမိးတွေ အိမ်ပေါ်က ထွက်ပြေး ခန်းတွေ လို လိုက်လုပ်တော့ တာပါပဲ..နောက်ပြီး မြန်မာ မျိုးချစ်လူငယ်တွေ လိုက်လံ ကူညီနေကြတဲ့ အပိုင်းကတော့ ကောင်းပါတယ်.....ကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ပဲ ပြောချင်ပါတယ်။ ဒီ ကွန်မန့် လေး ဝင်ရေးရတာ ကတော့ ဗွီအိုအေ သတငိးဌာ နရဲ့ ပါးနပ်တဲ့ လှည့်ကွက်လေးကို သတိထား မိလို့ ဝေမျှတာပါ...လက်မခံ၇င်လဲ သဘောပေါ့..။ ကဲ ပွဲဆူ ဖို့ ကျိုး စားတဲ့ ဗွီအိုအေ ရေ....မီဒီယာကျင့်ဝတ် ...စာနယ်ဇင်း ကျင့်ဝတ်တွေနဲ့ ညီမျှသေးလားလို့ မေးခွင့်ရရင် မေးချင်ပါတယ်.....။

July 13, 2008 6:41 PM


ဗွီအိုအေ က အဲဒီ ပို့စ် လေးရဲ့လင့်ခ် ကတော့ http://www.voanews.com/burmese/2008-07-08-burmese-maid-died-singapore.cfm အဲဒါ ပါ ခင်ဗျ....။


နောက် ကွန်မန့် တခု ကတော့ စူပါပြည်ဖြိုးကျော်ရဲ့ ကွန်မန့်ပါခင်ဗျ....။ မယုံကြည်သူများ သူများကွန်မန့်ခိုးချတယ် လို့ ယိုးစွပ်ချင်သူများ သူ့ကို မေးမြန်း နိုင်ကြပါတယ် ......။ တလက်စတည်း သူ့ကွန်မန့်လေးပါ တင်ပေးလိုက်ပါတယ်.....။




Superpyiphyokyaw said...
Dear
I feel so sorry about this news.also good for explaining of sg labours life.I feel pity for her.i am thinking about this case.If i am at her palce let me think about this. Let's find
out the problems,also i will connect to corp.also many ngo at Sg,This is freedom .each person have freedom, distance from the corp to top of the embassy report.free call SOS, Also people have ability ,Even who can't speak english langauage ,They know how to comfort of they are problems and troubles.We have to find out problems.To day people of myanmar are not helping each other. Raceing and selfish.anyway ....I feel so sorry about her and this news ,
My words from my heart

July 13, 2008 7:45 PM







***စာကြွင်း***




နဲနဲ လိုသွားတာလေးတွေနဲ့ စာလုံးပေါင်းမှားနေတာလေးတွေ တော့ တတ်နိုင်သမျှ ပြန်လည် ပြင်ဆင်လိုက်ပါတယ် ။

2 comments:

Anonymous said...

ဒီကိုရောက်လာတဲ့ မြန်မာတော်တော် များများဟာ..ဘာစိတ်ကြီးတွေ ဝင်နေကြလဲ မသိပါဘူး
စိတ်ဓါတ်တွေကပျက်စီးကုန်ကြပြီ...ကူညိဖို့နေနေသာသာ လမ်းမှာ မြန်မာ အချင်းချင်း တွေ့ရင်နုတ်ဆက်ဖို့ မပြောနဲ့
သူတို့ကိုမြန်မာ ဆိုတာ သိမှာ စိုးလို့ လူကြားထဲ မှာစကားတောင် မြန်မာ လို ကျယ်ကျယ်မပြောရဲကြဘူး..ကူညီဖို့ဆိုရင်ဝေးရော...အားလုံးတကိုယ်ကောင်းသမားတွေ ဖြစ်ကုန်ကြပြီလေ...

Anonymous said...

အင်း ..့ ဟုတ်တယ်ကွယ်...ဘဝင်ရူးတွေဖြစ်ကုန်ကြပြီ...

ကျန်းမာပျော်ရွှင်ပါစေဗျာ, သားစဉ်မြေးဆက် NLD and SPDC ဒုက္ခ မှကင်းလွတ်ပါစေ။ NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....အွန်လိုင်းတော်လှန်ရေး သမားများလည်း ဆက်လက်၍ အသံကောင်း ဟစ် နိုင်ကြပါစေ...ဘဝင်ရူး အဖြစ်မှ ကင်းဝေးကြပါစေ... လေမိုင်း ခွဲ နိုင်ကြပါစေ...