Thursday, February 12, 2009

ံဟက်ကာများဧ။် လျှို့ဝှက်ချက် ကို ဖော်ထုတ်ခြင်းနှင့် မျှဝေခြင်း နိဒါန်း....

ဒါလေးက နိဒါန်းလေးပျိုးထားတာပါ။ နောက်ပိုစ့်ကစပြီး အခန်း ၁ ဖြစ်ပါလိမ့်မယ်။

DISCLAIMER
The author of this manual will like to express my concerns about the misuse
of the information contained in this manual. By reading this manual you
agree to the following stipulations. Any actions and or activities related to the
material contained within this manual is solely your responsibility.
The misuse of the information in this manual can result in
criminal charges brought against the persons in question. The
authors will not be held responsible in the event any criminal
charges be brought against any individuals misusing the
information in this manual to break the law.
(Note This manual was created for Information purposes only.)

စကားဦး

နေ့စဉ်နဲ့အမျှ ကြီးထွားလာတဲ့ Internet ထဲမှာ ကျွှန်တော်နှင့် စာဖတ်သူတို့ဟာ ကြီးမားကျယ်ပြောလှတဲ့ သတင်းအချက်အလက် ပင်လယ်ပြင်ကြီးထဲက ရေပေါက်ငယ်လေးပမာပါပဲ။ ကိုယ်မသိတဲ့ကိစ္စက ကိုယ့်ကိုအမှုမပတ်နိုင်ဘူးလို့ ပြောကြပေမဲ့ အင်တာနက်နှင့်ပတ်သက်လာရင် ဒါကဆန့်ကျင်မှုတစ်ခုပါ။ အင်တာနက်ပေါ်မှာ သန်းပေါင်းများစွာသော ကွန်ပျုတာအသုံးပြုတွေဟာ ဝင်လိုက်ထွက်လိုက်ရှိနေပါတယ်။ သတင်းအချက်အလက်တွေဟာ ရွာကနေ မြို့အကွာအဝေးကို နှလုံးခုန်နှုန်းတစ်ချက်မှာ ပို့ပေးနေပါတယ်။

စာဖတ်သူလို သာမန်အသုံးပြုသူတွေ အတွက် မြန်ဆန်လှသော သတင်းအချက်အလက် လမ်းမကြီးပေါ်မှာ အန္တရာယ်များလှပါပေတယ်။ ၃၀ မှ ၄၀ ရာခိုင်နှုန်း အသုံးပြုသူတွေဟာ ကွန်ပျုတာတွေရဲ့ နောက်ကွယ်မှာ ဘာတွေအလုပ်လုပ်နေလဲဆိုတာ သတိမထားမိကြပါဘူး။ ကျန်တဲ့ အသုံးပြုသူတွေဟာ မိမိရဲ့ စနစ်ဟာ တိုက်ခိုက်ခြင်း၊ အသုံးပြုခံနေရခြင်းကို ရိုးသားစွာ ဂရုမစိုက်ခြင်း၊ သိရှိနိုင်သော အခြေခံအသိ မရှိကြပါဘူး

စာဖတ်သူဟာ မိမိရဲ့ အင်တာနက်ပေါ်မှ လွတ်လပ်ခွင့်ကို သိရှိလိုတဲ့အတွက် ဖတ်နေခြင်းလို့ယူဆပါသည်။ ဖြစ်လဲဖြစ်သင့်ပါသည်။ အင်တာနက်ပေါ်မှာ ဘယ်အရာမှ မိမိရဲ့ မျက်စိနဲ့မြင်ရာတဲ့တိုင်းဟာ မိမိမျက်စိနဲ့မြင်တဲ့အတိုင်းမဟုတ်ကြပါဘူး။ မသိတဲ့လူကျော်သွားလိုပဲ မသိရှိတဲ့လူဟာ တိုက်ခိုက်ခြင်းခံရနိုင်ပါသည်။

မိမိသိတဲ့ အချက်အလက်ဟာ ဘယ်တော့မှ မလုံလောက်ပါဘူး သတင်းအချက်အလက်သည် စွမ်းအားဖြစ်သည်နှင့်အမျှ မိမိဟာသိရှိလေ အင်တာနက်ပေါ်က အတုအယောင်တွေကို ရှောင်နိုင်လေဖြစ်ပါလိမ့်မယ်။

ဒီလက်စွဲစာအုပ်မှာ ကျွှန်တော်ဟာ စာဖတ်သူကို စိုးရိမ်စေမဲ့ အကြောင်းအရာများကို တင်ပြသွားပါမယ်။ တစ်ချို့အရာတွေဟာ စာဖတ်သူကို ကွန်ပျုတာရှိခြင်းကို ထင်ယောင်ထင်မှား ဖြစ်ကောင်းဖြစ်စေ နိုင်ပါမယ်။ ဒါပေမဲ့ စိတ်ဓါတ်ကျစရာ မလိုပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျွှန်တော်စာရေးသူဟာ စာဖတ်သူ မိမိကိုယ်ကို ဘယ်လိုကွာကွယ်နိုင်တယ်ဆိုတာ ပြောပြသွားမှာပါ။
ဒာင်တာနက်ရဲ့ ဆိုးကျိုးတွေကို ပြောပြရခြင်းဟာ ကျွှန်တော်က စာဖတ်သူအတွက် ဘာအန္တရာယ်တွေရှိတယ်ဆိုတာ တင်ပြဖို့လိုအပ်တယ် ခံစားရလို့ပါ။

ကျွှန်တော်ဟာ ဒီလက်စွဲစာအုပ်ကို လမ်းပြအနေနှင့် ရေးခြင်းဖြစ်ပါတယ်။ စာဖတ်သူရဲ့ စနစ်တစ်ခုကို Hackers တွေဟာ ဘယ်လိုထိန်းချုပ်ခွင့်ရအောင် စနစ်ရဲ့အားနည်းချက်တွေ၊ Programs တွေသုံးပြီး ယူနိုင်လဲဆိုတာ ပြောပြခြင်းဖြစ်ပါတယ်။ ဒီလက်စွဲသည် အကုန်လုံးကို မတင်ပြနိုင်ပါ။ သို့သော်လည်း အခြေခံ နည်းများသိခြင်းဖြင့် အကယ်၍ စာဖတ်သူသည် Hackers တွေဘာတွေလုပ်လဲ ဘယ်လိုလုပ်လဲ သိရှိပါက မိမိကိုယ်ကို ကွာကွယ်နိုင်ရန် အနေအထားကောင်းတစ်ခုမှာ ရှိနိုင်ပါသည်။

စကားချပ် - ဒီစာအုပ်တစ်အုပ်လုံးတွင် Hacker ကို Reference စကားလုံးအနေနဲ့ သုံးစွဲသွားမှာဖြစ်ပါသည်။ Hacker များသည် မီဒီယာများဧ။် ရောင်းကောင်းသော စကားလုံးတစ်လုံးအနေဖြင့် အသုံးချခြင်းကြောင့် လူတွေသည် အထင်မှားလျက်ရှိပါသည်။ သို့ပါသော်လည်း Hacker ဆိုသောစကားလုံးကို စာရေးရာတွင်လွယ်ကူစေရန် အလို့ငှာ သုံးစွဲခြင်းသာဖြစ်ပါသည်။

အောက်ပါ အကြောင်းအရာများသည် တင်ပြသွားမဲ့ အကြောင်းအရာတွေက အနည်းငယ်ပါ။

Hackers တွေ ဘယ်လို စနစ်တစ်ခုလဲ ဝင်ရောက်လဲ
ဘယ်လို အရာတွေ အသုံးပြုလဲ
ဟက်ကာတစ်ယောက်ဟာ စာဖတ်သူဧ။် အိမ်ကို စာဖတ်သူဧ။် ကွန်ပျုတာမှ ဘယ်လိုစောင့်ကြည့်နိုင်ပုံ (မြန်မာပြည်ဧ။် Dial Up လိပ်နှုန်း နဲ့တော့မယုံချင်ဘူးထင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်နိုင်လဲဆိုတာ ပြောပြသွားပါမယ်။)
ဘယ်လို အချက်အလက်တွေကို အခွင့်ရှိပုံ နှင့် စာဖတ်သူဘာကြောင့် ကာကွယ်သင့်ပုံ
ဘယ်လို သတင်း နှင့် လှည့်ဖျားမှုများ အသုံးခြပုံ
Antivirus software တစ်ခုထဲနှင့် မလုံလောက်ပုံ
ဘာတွေကို ဂရုစိုက်ရမလဲ အကယ်၍ စာဖတ်သူဧ။် ကွန်ပျုတာသည် ကျုးကျော်ခံရပါက
ဘယ်လိုအကြောင်းပြချက်နဲ့မှ ကျွှန်တော်စာရေးသူသည် ဒီလက်စွဲသည် စာဖတ်သူကို အလုံးစုံကာကွယ်မှုပေးမယ်လို့ ရယ်ဖွယ်ကောင်းသော အာမခံချက်ကို မပေးပါ။ ကျွှန်တော် ပြောပြမဲ့ အကြောင်းအရာများကို လေ့လာပြီးတော့ စာဖတ်သူသည်မိမိကိုယ်ရေးအချက်အလက်များကို တစ်စုံတစ်ရာအထိ ကာကွယ်နိုင်ရန်သာ ရည်ရွယ်ပါသည်။

စာဖတ်သူသည် အင်တာနက်ကို ၂၄ နာရီ (သို့) ၁၅ မိနစ် ဆက်သွယ်ခြင်းဟာ မိမိဧ။်စနစ်အန္တရာယ်ရှိမှု မရှိမှုနှင့် မဆိုင်ပါ။ ၁၅မိနစ်တွင်းမှာပင် စာဖတ်သူဧ။် ကိုယ်ပိုင်စနစ်ကပင် စာဖတ်သူကို ဝင်ခွင့်ပိတ်ထားနိုင်ခြင်း၊ စာဖတ်သူဧ။် ဘဏ်အချက်အလက် ၊ ကိုယ်ပိုင်လိပ်စာများ ပါသွားနိုင်ပါသည်။

ကျွှန်တော်သည် စာဖတ်သူကို စိတ်ချောက်ချားအောင် ပြုလုပ်နေခြင်းမဟုတ်ပါ။ ကျွှန်တော်ပြောနေခြင်းသည် အကယ်၍ စာဖတ်သူဂရုမစိုက်ပါက စာဖတ်သူကိုယ်တိုင်ပင် အန္တရာယ်ကို တံခါးဖွင့်ပေးသလိုပါပဲ။ စာဖတ်သူသည် ကျွှန်တော့်ကို အထင်အလွဲကောင်းလွဲနိုင်ပါသည်။ ကျွှန်တော့်ကို စာဖတ်သူသည် စာဖတ်သူသည် Email စစ်ခြင်းနှင့် Chat ခြင်းကလွဲရင် ဘာမှမလုပ်တဲ့အတွက် ဒါတွေမဖြစ်နိုင်ပါဘူးလို့ ပြောဆိုကောင်းပြောဆိုပါလိမ့်မယ်။ ကျွှန်တော်မငြင်းပါ။ ကျွှန်တော်ရေးသာကိုသာ စောင့်ဖတ်စေချင်ပါသည်။


မှတ်ချက် /

မြန်မာဆိုင်ဘာဖိုရမ်(http://mmcybermedia.com/)မှ Cyber Contributor တဦးဖြစ်သူ ကိုဒီမိုဟန်တာ ( đęЩюΉų№të® )၏ ပို့စ်အား ပြန်လည် ကူယူမျှဝေခြင်းမျှသာ ဖြစ်ပါတယ် ။

2 comments:

Anonymous said...

အောလောက၏ စိန်ခေါ်သံ

အချိန်ကား ၁၉ ရာစု အစပိုင်း တရုတ်ပြည်တွင် မန်ချူးမင်းဆက် အုပ်စိုးနေချိန် ။ မြို့တော်ပီကင်းတွင်လည်း အင်္ဂလိပ်များ လက်ညိုးထိုးမလွဲပေ ။
သိုင်းကောကကြီးအတွင်း၌လည်း ဘိန်းစားသိုင်းသမားများ ခေတ်စားလာသည့်အပြင် ဘိန်းစားမှ ခေတ်မီသည်ဟု ထင်နေကြချိန်လည်းဖြစ်လေသည် ။ လူပျင်းများ များပြားလာသဖြင့် သိုင်းသမားများမှာ အရင်ခေတ်ကကဲ့သို့ အလုပ်မရှိ ၊ အကိုင်မရှိ ပိုက်ဆံဘယ်ကရမှန်းမသိပဲ လျှောက်သွားမနေနိုင်ကြတော့ပဲ အလုပ်များစွာ လုပ်နေကြရသည် ။
သူတို့အထဲတွင် ဟန်ကျသောသူများကား ...ငါးမျှားတံသိုင်းသမား ၊ ပိုက်ကွန်သိုင်းသမား ၊ တူသိုင်းသမားတို့ဖြစ်ကြပြီး ကိုယ်ပိုင်လူငန်းဖြင့် သူများကို အောက်ကျို့စရာမလိုသူများဖြစ်သည် ။ သူတို့၏လုပ်ငန်းများကား ငါးမျှားတံ သိုင်းသမားက ငါးမျှား ၊ ပိုက်ကွန်သိုင်းသမားကား လှေတစီးငှား၍ ငါးဖမ်း ၊ တူသိုင်းသမားကား ပန်းပဲဖိုလုပ်စားသည့်အပြင် အားလျှင်အားသလို ကျောက်ထုလိုက်လေသည် ။
ထိုသို့ ကမောက်ကမ ဖြစ်နေသော သိုင်းလောကကြီးထဲတွင် ဓါးသိုင်းသမား ၊လက်သိုင်းသမားများ ကား မျက်နှာငယ်လွန်းလှသည် ။ ထင်းခွဲ ၊ငါးခုတ် ၊ရေထမ်း၊ အဝတ်လျှော် စသည်ဖြင့် သူတပါးကို အားကိုးရသော အောက်ခြေသိမ်းအလုပ်များကို လုပ်ကိုင်းစားကြရင်း အချို့သိုင်းသမားများမှာ ဖာလုပ်ငန်းကို ပိုက်ဆံရှိသူတို့က တည်ထောင် ၊ ဆင်းရဲသူများက တန်းခေါင်း ၊တန်းထိမ်းများဖြစ်လာကြလေသည် ။ ထိုအချိန်တွင် အလုပ်မရှိသော သူတောင်းစားဂိုဏ်းမှာလည်း ဂိုဏ်းသားဦးရေ တိုးပွားကာ အင်အားကြီးမားလာလေသည် ။
ရှောင်လင် ၊ ဝူတန်၊ အော်မေ ၊ ဝါဆန်းစသော ဘုန်းကြီး ၊ ရသေ့ ၊ သီလရှင်များလည်း အေးအေးမနေနိုင်ပဲ ဆွမ်းခံ၍ စားရတော့သည် ။ အတော်များများ ဂိုဏ်းကို စွန့်ခွာ လူထွက်ကုန်ကြပြီး သင့််တော်ရာ သိုင်းပညာဖြင့် လုပ်ကိုင်စားသောက်ကြလေသည် ။


နယ်စပ်ရှိဖာဘိန်းမြို့ကလေး ....

ထိုမြို့တွင် အထင်ကရဖြစ်သော သူဌေးကြီးတယောက်ရှိလေသည် ။ သူ၏ အမည်ကား စောင်ခြုံထု ။ ထူးဆန်းသော အမည်ဖြစ်ရာ ၊ ဇာတ်ကြောင်းပြန်လေသော် ...စောင်ခြုံထု၏ အဖိုးသည် မိမဲ့ဖမဲ့ ကလေချေတယောက်ဖြစ်သည် ။ မြို့တော် ပီကင်းတွင် သူခိုးလုပ်ရင်း စောင်ဆိုင်ကို ဖောက်ကာ ဤမြို့ကလေးသို့ထွက်ပြေးလာပြီး စောင်ကုန်သည်လုပ်ရင်း ကြီးပွားလာကာ မျိုးရိုးအမည်ကိုလည်း စောင်မျိုးအဖြစ် ခံယူလိုက်တော့သည် ။ ထိုသူကား စောင်ထဲနှိုက်ဖြစ်လေသည် ။ သူ့သာဖြစ်သူ စောင်ရည်ရွှဲ လက်ထက်၌လည်း မိဘလက်ငုတ်လုပ်ငန်းကိုသာ ဆက်လက်လုပ်ကိုင်ခဲ့သည် ။ အခု စောင်ခြုံထု လက်ထက်တွင်မှ စိးပွားရေးအင်ပါယာကျယ်ပြန့်လာပြီး ဘိန်းလုပ်ငန်းလုပ်ကိုင်သူ သူဌေးကြီးတဦးဖြစ်သော ဖန်မျိုးနွယ် သူဌေးကြီး၏ သမီး ဖန်ရှောက်ခင်နှင့် လက်ထပ်ကာ စောင်လုပ်ငန်း ၊ ဘိန်းလုပ်ငန်းနှင့် ဖာလုပ်ငန်းကို နိုင်ငံအနှံ့ လုပ်ကိုင်လျက်ရှိသည် ။ နိုင်ငံတဝန်း ပိုင်ဆိုင်မှုများစွာရှိသော်လည်း ဤမြို့ကလေးတွင် စီးပွားရေးကောင်း၍ အခြေချ နေထိုင်ခြင်း ဖြစ်လေသည် ။

ကိုဗလ said...

ဟာဗျာ...အတော်နောက်တဲ့လူ..လူနောက်.. ဒါပေမယ့် ဖတ်လို့တော့ ကောင်းသား... ဟိဟိ

ကျန်းမာပျော်ရွှင်ပါစေဗျာ, သားစဉ်မြေးဆက် NLD and SPDC ဒုက္ခ မှကင်းလွတ်ပါစေ။ NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....အွန်လိုင်းတော်လှန်ရေး သမားများလည်း ဆက်လက်၍ အသံကောင်း ဟစ် နိုင်ကြပါစေ...ဘဝင်ရူး အဖြစ်မှ ကင်းဝေးကြပါစေ... လေမိုင်း ခွဲ နိုင်ကြပါစေ...