Wednesday, February 11, 2009

Valentine's Day ဆိုတာ ....

ချစ်သူများနေ့ တဲ့
နာမည်လေးက အဆန်းသား။ လူငယ်တွေကြားမှာပို ရေးပန်းစားမှပေါ့။
ဘာကြောင့်ပေါ်ပေါက်လာတာကို သိကြတဲ့ သူတွေရှိသလို မသိကြတာတဲ့သူတွေ ဒုနဲ့ ဒေးပါ။
သိပြီးသူတွေအတွက်တော့ မရည်ရွယ်ပါဘူး။ မသိသေးသူတွေအတွက်ပါ။
ဖြစ်ပေါ်လာပုံကဒီလိုပါ။
ဘုန်းကြီးတစ်ပါးကြောင့်ပါ။
့ဘုန်းကြီးဆိုတော့ ဗုဒ္ဓဘာသာပြေးမြင်ပြီး ဘုန်းကြီးနဲ့ ဘီး နဲနဲမှ မနီးစပ်ပါဘူးဆိုပြီး ထင်နေဦးမယ်။
မဆိုင်ပေမယ့် လက်ထပ်အခမ်းအနားဆိုရင်တော့ ဘာသာဝင်တိုင်းရဲ့ ဘုန်းကြီးတွေပါရစမြဲထင်ပါတယ်။
ဒါကြောင့်ပုံပြင်လေးတပုဒ်တောင် စပ်မိလို့ ပြောရဦးမယ်။ ရှေးတုန်းကဗမာပြည်ပညာရေးစံနစ် ဟာ ရှင်ဘုရင်ကစပြီး ဘုန်းတော်ကြီးတွေဆီကစာသင်ကြရတာပါ။ ကျောင်းနေ စာသင်အရွယ်ဆို မိဘတွေက ခလေးကိုသွားအပ်ကြရတာပါ။
ဒီတော့ ဘုန်းကြီးက ခလေးတွေကို အစစအရာရာ ထိမ်းကျောင်းသွန်သင်ရတာပေါ့။ ထခါတော့ဘုန်းကြီးတစ်ပါးက ငြီးညူတော်မူတယ်တဲ့။ သူတို့ ဘာသာသူတို့ ချစ်ကြ ကြိုက်ကြ မွေးကြ။ နောက်တော့ငါကထိမ်းပေးရ။ ဘာအဖိုးအခမှလဲမရပဲနဲ့ တဲ့။
ဒီတော့အနီးနေ ဦးပဉ္ဖင်းတစ်ပါးက ဆရာတော်သေသေချာချာစဉ်းစားတော်မူပါ။ သူတို့ မင်္ဂလာဆောင်စဉ်က ဆရာတော်ပဲ သွားမြှောက်ပေးခဲ့တာမဟုတ်လား။ ခုမှမပြောနေပါနဲ့ တော့။ ကိုယ်လဲသက်သေပါခဲ့တာပဲ လို့ လျှောက်ထားတော့မှ။ အိမ်း ဟုတ်ပေသားပဲတဲ့။
ဒီတော့ဘုန်းတော်ကြီးတွေနဲ့  ချစ်သူများနေ့ တယ်မဆိုင်ဘူးတော့ပြောလို့ မရဘူးပေါ့။ တိုက်ရိုက်ဆိုင်တာကတော့ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကြောင့်ပါ။ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးရဲ့နာမည်ကို ပဲ အကြောင်းပြုပြီးဖြစ်ပေါ်လာရတာပါ။ သူ့ နာမည်က Valentine ပါ။
ဒီနာမည်ကိုပဲ အစွဲပြုပြီး Valentine Day ရယ်လို့ သတ်မှတ်ပြီး ချစ်သူများနေ့ ပေါ်ပေါက်လာတာပါ။
အေဒီ (၃)ရာစု လောက်မှာပေါ့။ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း တန်ခိုးပါဝါ ကြီးထွားခဲ့တယ်။ သူ့လက်ထက်မှာ Britain နိုင်ငံကို ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်.။
Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေလေတော့ နိုင်ငံထဲမှာယောင်္ကျားအများစုဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်လဲမတိုက်ချင်ကြတော့ဘူး။
ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်။
အချစ်နဲ့ စစ်ဟာ အဲဒီကထဲက ဒွန်တွဲ ပါနေခဲ့တာထင်ပါရဲ့။
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်။
စစ်သားသစ်တွေလိုလာတယ်။ စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်။
ဒါပေမယ့် ယောင်္ကျားတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောင်္ကျားတွေဟာ မိသားစုသံယောဇဉ်ကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ။ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်။ လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ ဥပဒေပါပဲ။
ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်။
အမည်က Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုန်းကြီးပေါ့။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားထဲက လက်ထက်ပွဲတွေကို သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်။ သူ့ရဲ့ သီးသန့်အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်။တစ်ညမှာတော့ သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်။ မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်းဘုန်းတော်ကြီး St. Valentine ကိုဖမ်းဆီးမိပြီးထောင်ထဲမှာထားလိုက်တယ်။ နောက်ပိုင်းမှာ သေဒဏ်ချမှတ် လိုက်ကြတယ်။ ရက်စက်ပါပေကွယ်။
သူမသေခင်မှာဝမ်းမြောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ်။ ထောင်ဝင်စာပေါ့။ ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ မှတ်စုလေးတွေရေးကြ တယ်။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်။ အဲဒီအထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့။ ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ်။ စကားတွေ အများကြီးပြောဖြစ်တယ်.။ အားပေးစကားတွေပြောတယ်၊ နောက် သူသေခါနီးမှာ သူမရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ "Love from your Valentine." ဆိုတဲ့ မှတ်စုတိုလေး တစ်စောင် ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်။ အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်..
.. Valentine's Day . ဆိုတာ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့။
မိန်းခလေးတွေပိုသဲကြတယ်ပေါ့။
ကဲချစ်သူများနေ့ ဆိုတာဒါပါပဲနော်.....။

မှတ်ချက် /

ပေးပို့သူ မေ အားကျေးဇူးတင်ရှိပါကြောင်း....

No comments:

ကျန်းမာပျော်ရွှင်ပါစေဗျာ, သားစဉ်မြေးဆက် NLD and SPDC ဒုက္ခ မှကင်းလွတ်ပါစေ။ NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....အွန်လိုင်းတော်လှန်ရေး သမားများလည်း ဆက်လက်၍ အသံကောင်း ဟစ် နိုင်ကြပါစေ...ဘဝင်ရူး အဖြစ်မှ ကင်းဝေးကြပါစေ... လေမိုင်း ခွဲ နိုင်ကြပါစေ...