Monday, June 30, 2008

ခြေလှမ်း အမှတ် ခြောက်

ကဲ ...ပြောချင်တာလေးတွေ ပြောဦးမယ် ဗျာ.....။ ဘလော့နံမည် အတိုင်းပဲပေါ့ခင်ဗျာ........ဖတ်ချင်လည်း ဖတ် မဖတ်ချင်လည်းနေ ပေါ့ ....သဘော ပါပဲ .....။ေ-ွးမသား.....ပေါက်ပန်းသေး ထင်ရာမြင်ရာ လျောက်ရေးထားတယ် လို့ယူဆ ချင်ရင်လည်း သဘောပါပဲ ........။ကဲ ....ဟုတ်ပြီလား....။



စလိုက်ကြရအောင်......။ စပြောချင်တာ က ကျွန်တော် တို့ရဲ့ ချစ်ခင်မြတ်နိုး လှစွာသော ပြည်မြန်မာ ကြီးမှာပေါ့ ခင်ဗျာ............. ပြည်သူ တော်တော် များများက ဆင်းရဲ ကြတယ် ခင်ဗျ..... ။ ဒါ က တော့ ချစ်ကိုကြီးရယ် မင်းပြောမှ လားကွလို့ အပြစ်တင် မစောပါနဲ့ ဦး.............။ ပြီးမှ အပြစ်တင် ရုံ မကလို့ ဆဲချင်တော်မူ ကြတယ် ဆိုရင် လည်း သဘောပါခင်ဗျ......................။ ကဲ ပြည်သူတော်တော် များများ ဘာကြောင့် ဆင်းရဲ ကြသလဲ ဆိုတာ လေး ကို စဥ်းစား ကြည့် လိုက်ကြရအောင်........... ။ ဟုတ်ကဲ့ ခင်ဗျ............. ပြည်သူအတော် များများ ဆင်းရဲ ကြပါတယ်........... ။ ဘာကြောင့်လဲ .................။ မေးခွန်းလေး ကတော့ ရှိလာ ပြီနော် .......။ မေးခွန်းကတော့ အလွယ် လေးခင်ဗျ..........။ ဘာကြောင့်လဲ ...။ ဒါပဲ .... ပြီးပြီ.............။ အဖြေ မှာ ကြတော့ အတော် လေး ကို ငြင်းစရာ ခုံ စရာတွေနဲ့ လက်ဝင်မယ် ထင်ပါ့ဗျား....။ ကဲ.....ဥပမာလေးပေါ့ .........မောင်ဖြူလို့ ပဲ ဆိုကြပါစို့ရဲ့ ခင်ဗျာ.............။ မောင်ဖြူ ဘာကြောင့် ဆင်းရဲ သလဲ ......။ အမေး ကတော့ ရှိလာပြီခင်ဗျ..............။ အဖြေ ကတော့ မိဘကြောင့်ပဲ လို့ ပြောရမှာပဲ ခင်ဗျ..............။ မောင်ဖြူ့ မိဘ ဘာကြောင့် ဆင်းရဲ သလဲ ............။ ပညာ သင်ချိန်မှာ ပညာ မသင်ခဲ့လို့ ပေါ့ ခင်ဗျာ.....။ အဲသည်မှာ မေ။စရာလေးက ရှိလာပြန်သဗျ.........။ဘာလို့ ပညာ မသင်ခဲ့ သလဲ ..ပညာ သင်ချိန်မှာ..... အဟား မေးခွန်းလေး ကတော့ ကောင်းပါ့ ခင်ဗျား....................။ အဖြေကတော့ ပညာ ရှာချိန်မှာ ပညာကိုဆုံးခန်းတိုင်အောင် မသင်ယူပဲ မိန်းမယူ ..ယောက်ျားယူနဲ့ လင်ယူသားမွေးကိစ္စလုံးပမ်းခဲ့ ကြလို့ပဲ ခင်ဗျ......။ ဒါမျိုး လူငယ် မြန်မာ တွေ မြန်မာပြည်မှာ အများကြီး ဆိုတာ တော့ ယုံတယ် ဟုတ်................။



လင်ဘာကြောင့်ယူကြသလဲ ....လင်ဆာလို့ လို့ ဖြေရင်တော့ ဝိုင်းပြိးဆဲလိုက်ကြမယ့် ဖြစ်ခြင်း.............။ ဟားဟား.......။ အနှီ ခေတ်ကာလ သားးသမီးများ ဘာလို့ လင်ယူစော မယားအယူစောကြသလဲ ဆိုရင်တော့ ဖြင့် နဲနဲ တော့ အဖြေရ ကြပ်သပေါ့လေ.........။ သို့ကလို ယူကြထိမ်းမြားကြပြီးရင်တော့ကာ မယားလည်း မယား ဝတ္တရား အလျောက် .....လင်လည်း လင် ဝတ္တရား အလျောက် တာဝန်ကိုယ် စီ ထမ်းကြရပေပြန်သပေါ့ ခင်ဗျာ..............။ အဲသည်မှာ ပညာကို ဆုံးခန်းတိုင် မသင်ယူ ခဲ့ ကြတဲ့ အနှီ ခေတ်ကာလ သားသမီးများ ဟာ မိသားစုဝန်ကိုဘယ်လို ထမ်းကြသလဲ .........။ ပညာ မှ ဆုံးခန်းမတိုင်တဲ့နောက် ဥာဏစွမ်းရည်နဲ့ ဘယ်လို အလုပ်လုပ်ကိုင် မလဲ ခင်ဗျ..............။ သိတော်မူ ကြတဲ့ ကိုကိုလဘော့ဂါတို့ မမလဘော့ဂါတို့လည်း ဖြေလိုပါက ဖြေကြပါလေကုန်...........။



ရှင်းနေတာကို ရှုပ်ပြန်ပြီကွယ် တွက်ခြေကိုက်တာကြောင့်မို့ သုံးကြရတယ်..... သုံးကြရတယ် ဆိုသလိုပေါ့ခင်ဗျာ......။ပြောနေဖို့ လိုသေးလို့လား ချစ်ကိုကြီးရယ် ....ကာယစွမ်းအားနဲ့ ပေါ့ ခင်ဗျ......။ဥာဏဝမ်းစာ မှ မပြည့်တဲ့နောက်ကို ကာယစွမ်းရည်ပေါ့ခင်ဗျာ.......... အဟား။ ဆိုလိုတာက ကျွန်တော် တို့မြန်မာပြည်ကြီးမှာ ခေတ်ကာလ ပညာ ၉ တန်း ၁၀ တန်းလောက် ဆို ကျောင်းထွက်ပြီး လင်ယူ သားမွေးကြတာတွေ တပုံ ကြီးခင်ဗျ.....။ဥာဏက မပြည့်လေတော့ ကာယနဲ့ပဲ ဘယ်လို လုပ်ကိုင်စားသောက်ကြမလဲ ...စဉ်းစားသာ ကြည့်ကြပေတော့ပေါ့ခင်ဗျာ....။ လွယ်လွယ်လေး....... ဆိုက္ကားနင်းတယ် ခင်ဗျ.....ကွမ်းယာ ရောင်းတယ်.....ကူလီထမ်းတယ်ခင်ဗျ...... ကြုံရာကျပမ်းပေါ့လေ....။ ကိုယ့် အကျိုးပေး ကိုယ့်ဟာကိုယ် ရွေးချယ်ခဲ့တာကိုးခင်ဗျ............။ ပြောစရာရှိလာပြန်တာက အဲသလို ကိုယ့်အကျိုးပေး ကိုယ့်ဟာကိုယ် ရွေးချယ်ခဲလို့ ကံအကြောင်းမလှ ရှိရှာ ကြတဲ့ သူတွေကတော့ အသံကို တိတ်လို့ ဆိတ်လို့ခင်ဗျ.........။ ထွက်လာတာ က ဘယ်ကလဲ ... ဟုတ်ကဲ့ခင်ဗျ........ပြည်ပနေ ခေတ်ပညာတတ် အသိုင်း အဝိုင်းကပါပဲခင်ဗျာ......။ ကဲ အသံ ဘယ်ကထွက်ဆိုတာ အသာထားပါဦး................။ လိုရင်းကလေး ဆက်လိုက်ရအောင် လားခင်ဗျာ.....။ ကဲ .... ဒီလို မိဘမျိုးတွေ မြန်မာပြည်မှာ အပုံကြီးခင်ဗျ....။ ပုံမှာပေါ့ခင်ဗျာ............ကန်တော့ပါရဲ့ သောက် အလုပ်မရှိ သောက် အကိုင်မရှိ ...... ပညာကြပြန်တော့ သောက်ဖြစ်ရှိအောင် မသင်ပဲနဲ့ ဒီလို မိဘမျိုးတွေက ပေါက်ဖွားလာတဲ့ သားသမီးမျိုး ......ဘယ် မှာလာမ ဆင်းရဲ ရှိပါ့မလဲခင်ဗျာ.............။ဒီလိုနဲ့ ............ ဂျာအေးကို သူ့အမေရိုက်လို့ ခြေထောက်ကိုဆွဲ တွဲလဲ ပေါ့ခင်ဗျာ......။ ထုံးစံ အတိုင်းပေါ့ မိဘခြေရာ နင်းသပေါ့ဗျာ..........။ ဒီလို ပေါ့ပေါ့နေ ပေါ့ပေါ့စား ကွမ်းယာသည်ရဲ့ သား/သမီး ဟာ ဖြစ်လှ ချဲဒိုင် ၂လုံးထီဒိုင်ပေါ့ခင်ဗျာ......။ တချို့တချို့သော သူတွေ လဲ ရှိသပေါ့လေ....... ခြစ်ကုတ်ပြီး မျှော် မျှော်မြင်မြင်နဲ့ သားသမီး ပညာရေးကို ဆုံးခန်းတိုင်စေခဲ့တဲ့ မိဘမျိုးလဲ ရှိသပေါ့လေ.............။ မိဘ အားလုံး ........... မြန်မာပြည်က ပြည်သူအားလုံး ဒီ
လိုပဲလို့ တော့ မဆိုလိုရေးချ မဆိုလိုပါခင်ဗျ.............။ကြောက်လွန်းလို့ပါခင်ဗျာ.....။




ခုတော့ကာ ဒီလို မိဘတွေ က မွေးတဲ့ ဒီလို သားသမီးတွေ ဒီလိုဖြစ်တာ ဆန်းသလားဗျ.....။ နိုင်ငံ အုပ်ချုပ်နေတဲ့ အစိုးရ အပြစ် မပါဘူးလို့တော့ မဆိုလို ဘူးပေါ့လေ.........။ ပါသင့်သလောက် ပါတန်သလောက် ပါတာပဲခင်ဗျ........။ ဒီလိုမျိုး ပေါက်လွတ်ပဲစား ဖြစ်ချင်တိုင်းဖြစ်ခဲ့ ပြီးမှ ဒါ နအဖ ကြောင့်ပါလို့ အပြစ် ပုံချလို့ ရတန်ကောင်းလား ခင်ဗျ...။ အစိုးရက ပညာတတ်လူတန်းစား အတွက် လုပ်ပိုင်ခွင့်တွေ လုပ်နိုင်ခွင့်တွေ ဖန်တီးမပေးနိုင်တာလည်း ကြီးမားတဲ့ အကြောင်းပြချက် တကြောင်းခင်ဗျ.....။ ဘာလို့ဖန်တီးမပေး နိုင်လဲ .............. ဒါကတော့ နအဖ ဆိုတဲ့ အစိုးရကလည်း သူ့မိသားစု အဆွေ အမျိုးနဲ့ တင်ကို နေရာလွတ်မပေးနိုင်တော့ဘူး ထင်ပါ့ .......။ ကဲ ဒီတော့ကာ အနှီခေတ်ပညာတတ် ခေတ်ကာလ သားသမီးများ ဘာလုပ်....... ဟုတ်ကဲ့.................. စောန ကလို အကြောင်းပြချက်ပေါင်း သောင်းခြောက်ထောင်နဲ့ ပြည်ပကို ထွက်ကြတော့တာပဲခင်ဗျ......ဟားဟား....။ ရယ် ရသဗျာ..................။ပြီးတော့ ဘာလုပ် အွန်လိုင်းမှာ မိုးခါးရေသောက် ကြတော့တာပဲခင်ဗျ.................။




ဆိုတော့ကာ............ မြန်မာနိုင်ငံ ဘာကြောင့် မတိုးတက် ................ပေါက်လွတ်ပဲစားတွေ များလို့ ပေါ့ ........ ဘာလို့ ပေါက်လွတ်ပဲစားတွေများ................မိဘက ပေါက်လွတ်ပဲစား မို့လို့ များ....................မိဘက ပေါက်လွတ်ပဲစား ဘာလို့ဖြစ်.................သူ့မိဘ က ပညာမတတ်လို့ဖြစ်.........................။ သူ့မိဘက ဘာကြောင့် ပညာမတတ် ............... ပညာကို ဆုံးခန်းတိုင်မသင်ခဲလို့ မကြိုးစားခဲလို့မတတ်.......။ ဒီလိုနဲ့ ပေါ့ခင်ဗျာ..............။ တချို့တချို့သော ကံကောင်းထောက်မသူ ခေတ်ပညာ တတ်များ ကြပြန်တော့ နိုင်ငံခြားကို သွားကြသဗျ..............။ ဘာလို့သွား.............ပြည်တွင်းမှာနေရာ မရှိလို့သွား.............ပြည်တွင်းမှာနေရာ ဘာလို့ မရှိ နအဖ ဆိုတဲ့ အစိုးရက သူ့ အဆွေ သူ့အမျိုးကြည့်နေ ရလို့ မရှိ... သူ့အဆွေ အမျိုးတွေ ဘာလို့နေရာရ ပညာတတ်တွေ နိုင်ငံခြားရောက်ကုန်ကြလို့ နေရာရ ။ ဒီလိုနဲ့ ပညာတတ်တွေလုံလောက်အောင် မရှိတော့ တာပဲ.........ဂျာအေးသူ့အမေ ရိုက်နေတာ ခင်ဗျ....။ ပြီးတော့ ....အဆုံးသတ်ကာ ကြမှ နအဖ ........ နအဖ နဲ့ ဝိုင်းပြောနေကြတာ သောက်မြင်ကပ်လွန်းလို့ ခင်ဗျ.....။ ဒါ က မြန်မာပြည်သူတွေ ဘာကြောင့် ဆင်းရဲ သလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေ တပိုင်းတစ ပေါ့ ဗျာ.................။



နောက် တခုပြောချင်တာက ဘူးယို ကိစ္စ ခင်ဗျ...........မိန်းမ ဟိုဒင်း အနာလုပ်နေကြတဲ့ ကိစ္စခင်ဗျ...........။ မြန်မာတွေ မြန်မာလို မရေးပဲ မပြောပဲ ဘူးယိုလုပ်နေကြတဲ့ အကြောင်း ဖွတဲ့ သူတွေကလည်း ဖွတယ်ခင်ဗျ........။ တကယ်တော့ဗျာ......ရေးပါစေလား...........သိသလောက်တတ်သလောက် ကိုကိုဘူးယိုတို့ မမဘူးယိုတို့...........။
မေးပါများ စကားရဆိုသကိုးခင်ဗျ...................။ ရေးရင်းရေးရင်းနဲ့ အမှားထဲက အမှန်ကို သိလာ မြင်လာ ကြပြီး တိုးတက် လာကြလိမ့် မပေါ့ ဗျာ.......။ ဒါကို သက်သက်မဲ့ အခွက်ရှဲ လိုစိတ်နဲ့ ဖဲ့ကြ ရွဲ့ ကြနဲ့ .... ဒါပေါ့ခင်ဗျာ..... မြန်မာ လူမျိုးဆိုတာ...... ကိုယ့်ပေါင်ကိုယ်လှန်ထောင်း လည်း ထောင်းပါရစေတော့....ချစ်ကိုကြီးလဲ မြန်မာတယောက်ပဲလေ ဗျာ......။ မြန်မာလူမျိုးတွေက များသော အားဖြင့် သိပ်သောက်ကျင့်တန်တာ ဗျ......။ မနာလို စိတ်သိပ်ကြီးတာ ကလားဗျ...။ မျက်မွှေးလေး တဆုံးသာကြည့်ချင်ကြ ကြည့်တတ်ကြတာလဲ ကျွန်တော်တို့ ရဲ့ ဘိုးဘွားအမွေကြီးလိုလို ကို ဖြစ်လို့ .....။ ဒါက လည်း ဆင်းရဲ ကြခြင်းရဲ့ တပိုင်းတစ ပဲဗျ.....။ နိုင်ငံခြားထွက် ကြတဲ့ မြန်မာတွေဟာ နိုင်ငံခြားရောက်လို့ ဖင်ပူမယ် မကြံသေးခင် ကိုယ့်နိုင်ငံ အစိုးရမကောင်းကြောင်း ပြောကြတော့တာပဲဗျ....။ ကောင်းနေတာပဲလို့ မပြောဘူးနော် ကိုယ့်လူ....။ အဲလို အစိုးရ မကောင်းကြောင်းမျိုးချစ်ကြီးလိုလို ဘာလိုလိုနဲ့ ပြောတတ်ကြတဲ့ ပြောနေကြတဲ့ အနှီသူကောင်းသားတို့ကကော ဘယ်လောက်ကောင်းနေလို့လဲ ခင်ဗျ......။ ဥပမာပြောရမယ် ဆိုရင် မြန်မာပြည်က ပညာတတ်မြန်မာ တွေ စင်္ကာပူကို လာကြရော......အဲ စလာ ....လာခြင်းတော့ အက်စ်ပက်စ်လေးနဲ့ ပေါ့ခင်ဗျာ........။ နောက် နှစ်အနည်းငယ် ကြာတော့ ပီအာရ် လျောက်ကြရောဗျ...........။ ပီအာရ်လဲ ရပြီးရော..... ပြီးပြီလား ...... ဟုတ်ကဲ့ .............. မပြီးသေးဘူးခင်ဗျ.....။
စီတီဇင် ဖြစ်ချင်တော် မူကြပြန်သေးတာပါတဲ့ဗျား.........။ အဲ နောက်တော့ ကော ......... မပြီးသေးဘူးခင်ဗျ နိုင်ငံခုန် ဖို့ ကြိုးစား ကြပြန်ရောတဲ့ ခင်ဗျား.........။ ကဲ ... ကောင်းကြရော ပေါ့ ခင်ဗျာ...............။ ဒီလိုနဲ့ တိုင်းပြည်ကောင်းဖို့ ထွက်လာကြတာပါ ဆိုတဲ့ သူတွေ ....... နောက် မျိုးဆက် အတွက် ပါ ဆိုတဲ့ သူတွေ .............. ငါနဲ့ ငါ့မိသားစု အတွက်တင် လုံးပမ်းနေကြတာနဲ့ ပဲ အသက် အရွယ်တွေကထောက် လာပြန်တော့ စိတ်လျော့သွားကြတော့တာပါပဲခင်ဗျာ.....။ နောက် တချက် က စင်္ကာပူမှာ မြန်မာ အများစု သောက် တလွဲ နိုင်ချက် က သူကတော့ ပီအာရ် ဟဲ့ ....ငါကတော့ အက်စ်ပက်စ် ............ဟို ပေစုတ်စုတ်နဲ့ တယောက် ကတော့ ဝပ်ပါမစ် နဲ့ ဆိုပြီး သောက် တလွဲ ဆံပင်ကောင်းကြတော့တာပဲဗျ......။ပြီးတော့ကာ ဗိုလ်ချုပ်ပြောဖူးတဲ့ ဖါနိုင်ငံကြီး ဆိုတဲ့စကားကို တွင်တွင် သုံးလို့ အသံကောင်း ဟစ်နေကြတော့တာပါပဲ ......။




ကဲ .................... ဖါနိုင်ငံကြီးဖြစ်တာ မဖြစ်တာ အသာထားလို့ တောင်ပြော မြောက်ပြော နဲ့ ခင်ဗျားတို့ (အထူးသဖြင့် စင်္ကာပူက သောက်တလွဲ မြန်မာတွေ ) ရင်ထဲက ဖါ စိတ် ဓါတ် တွေ ကို အရင် ဆုံး ဖျောက်ဖို့ ကြိုးစား ကြစေချင်ပါတယ် လို့ တိုက်တွန်းရင်း.......................။



ဆက်ရန်........................

No comments:

ကျန်းမာပျော်ရွှင်ပါစေဗျာ, သားစဉ်မြေးဆက် NLD and SPDC ဒုက္ခ မှကင်းလွတ်ပါစေ။ NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....အွန်လိုင်းတော်လှန်ရေး သမားများလည်း ဆက်လက်၍ အသံကောင်း ဟစ် နိုင်ကြပါစေ...ဘဝင်ရူး အဖြစ်မှ ကင်းဝေးကြပါစေ... လေမိုင်း ခွဲ နိုင်ကြပါစေ...