ကဲ .............ြေ့ပာချင်တာတွေ ရှိရှိလာပြန်သဗျ..................  ။  မပြောဘူး     လို့တော့နေတာ ပါပဲ ....ဒါပေမယ့် မပြောရင်လည်း မပြီးဘူး မလား.....။ ဥက္ကလာပေး               တာဝန်အရပေါ့လေ ...ဟားဟား  ....အွန်လိုင်းလဘော့ဂါတယောက် က ခုတလော အသံကောင်းဟစ်နေတာ ကြားရသဗျ....သမိုင်းပေးတာဝန်ဆိုလား  ....ဥက္ကလာပေး             တာဝန်ဆိုလားပဲ ........။  အွန်လိုင်းက လေမိုင်းခွဲတဲ့ သူတွေ က သိပ်ရယ် ရတာကလားဗျ....။ သူတို့က သာ သူများကို ဝေဖန်မယ်   အပြစ်တင်မယ်..... ။ အဲ တခြားသူက တခြားဘက် က ဝေဖန်တာ ခံရလို့များကတော့    သိပ်ကြောက်တတ်ကြတာ ကလားဗျ..ဘာတဲ့    ကြားဝင်ပြီး  ရန်တိုက်ပေးတယ် ဆိုလားဘာဆိုလားပဲ ....
ကိုယ့်ကို အဝေဖန်မခံနိုင်ပုံများပြောပါတယ်....။  တန်း....ဘန်းတော့တာ ခင်ဗျ.....ဟားဟားဟား   ။    ဟုတ်ကြမှာပေါ့လေ.... တွေ့လိုက်ရတာကတော့     နွံသုတ်ကြောင်ဆိုလား      ဘာဆိုလားပဲ ...ချစ်ကိုကြီးက မေ့တတ်တယ် ခင်ဗျ.....။ အဲ ဒီတော့     ကြာတော့ မေ့သွားတာပေါ့လေ................ ။    မတူရင် ဆဲ လွဲရင်  ဆော် တင် မဟုတ်တော့ဘူး ခင်ဗျ.........   ဝေဖန်ရင်     သရော်ရင်      ဘန်း     ဆိုတာ ပါ ဖြစ်လာတော့တာကိုး  ခင်ဗျ....။ ဩော်       လူတွေ များ ရယ်စရာ..............။ ကိုယ့်ထိတော့ မချိအောင် နာတတ်သိကိုးခင်ဗျ............။     သူများကြတော့ ဆော် မယ် ဖဲ့မယ်............ကိုယ့် ကြတော့     သိပ်ကြောက်တတ်တာကလားး........ဟားဟား......တံငါနားနီး            တံငါ လို့ ဆိုရအောင် ကလည်း          မလေးတွေ သိပ်ကြောက်တတ်တယ် လို့ မကြားမိပေါင်ဗျာ..........   ဟားဟား.....။
          လွဲချက်ဗျာ....သောက်ရမ်း   သောက်ရမ်း ကိုလွဲ တာပါပဲ ဗျာ  လို့              ပြောရမလိုလို ကို ဖြစ်နေတော့တာ ခင်ဗျ.......။ လာထား     နအဖ ဘက်ကကောင်တွေ                ဆိတ်ဘိုတွေ ....   အောက်ဆွဲတွေ ....ဘောမတွေ......ဆော်လိုက်မယ်ဟဲ့ ....ဖဲ့လိုက်မယ်ဟဲ့နဲ့   တဟဲ့ဟဲ့ နဲ့ အသံကောင်းဟစ်လာလိုက်တာ        ခုတော့ကာ အစတော့ ရိုးရိုး နောက်တော့ တမျိုးတိုးလို့ မတော်ဘူး မောင်ရယ်    ..မတော်ဘူးမောင်ရယ်.... ဆိုသလိုပေါ့ဗျာ.... ကိုယ်ရေသွေးတီင်္းလုံးတွေ      တီးနေပြန်ပါပေါ့လား.....။   ဟားဟား...........(အနစ်နာခံမှုအတွက် လူထုက အသိအမှတ်ပြုထားသော အမည်ကို လေးစားပါ။ အလုပ်တကယ်လုပ်ပါ။ မလုပ်နိုင်တော့ ဆိုလျှင်လဲ ဖယ်ပါ။ ပြည်တွင်းမှ လူထုကို ညှာတာပါ။ အငယ်တွေရဲ့ အကြံဥာဏ်ကို လေးစားပါ။ ခင်ဗျားတို့ခုံကို ဘယ်သူမှ မလုပါ။ ငါပြောတာမှအမှန် .. ငါအနစ်နာခံလာတယ် မပြောပါနှင့်။ မှန်တာ ၊ မှားတာနှင့် အနစ်နာခံလာတာနှင့် ဘာမျှကို မဆိုင်ပါ။ လုပ်မယ်ဆို အမှန်အကန် အကျိုးရှိအောင်လုပ်ပါ။ အငယ်တွေက ချဉ်အောင် ခုံခွပြီး နေရာလုမှာ ကြောက်လျှက် ပိတ်ဆို့၍ အူကြောင်ကြားမလုပ်ပါနှင့်။ ထိုသို့ ပြုမူသောကြောင့် ၀င်ပါလိုသော မျိုးဆက်သစ် ဆုံးဂှုံး၏။ လွတ်လပ်စွာ တွေးခေါ်သော လူငယ်တို့အား ပါဝင်ခွင့် မပေးသည်နှင့်တူ၏။ ခင်ဗျားတို့ ပြောတာသာ ယုံသော ငတုံး မျိုးဆက်သစ်ကို မွေးဖွား ပေးနေခြင်းနှင့် တူ၏။ ထိုမျိုးဆက်နှင့်တိုက်လျှင် ခင်ဗျားတို့ မြေးမလေး တခုလပ်ဖြင်ချိန်ထိတောင် မြန်မာနိုင်ငံ ဒီမိုကရေစီရရန် မရှိ။ )    ဟားဟားဟား....မှန်လိုက်လေ ငထွားရယ်....  ကိုယ့်ကိုကိုယ် မှန်ထဲ    ကြည့်ပြောနေသလား မှတ် ရ.....ဒီစကားတွေ  ကိုဒီလို မိန့်မှာနေတဲ့    အနှီသူဂေါင်းသား တို့ကကော       ဘယ်လိုလဲ ............။
နောက်တခု ပြောချင်တာ က     မိုးသီးဇွန်ဆိုတဲ့    တောင်းရမ်း စားသောက်သူ တယောက်ပဲ ဗျ....ဟိုနေ့က ဒေါက်တာ  တယောက်ရေးတဲ့ ဘလော့တခုမှာ   တွေ့လိုက်ပါရဲ့...ဘာတဲ့          မ ရရင်ချကြပါစို့ ဆိုလားခင်ဗျ....သိပ်ရယ်ရတာပဲဗျာ.........တခု စဉ်းစားဖို့ က ခင်ဗျားတို့     တွေပြောပြောနေတဲ့    ပြည်သူတွေကို ဦးထိပ်ထားတဲ့   လူထုတိုက်ပွဲ  ဆိုလားပဲ ...ဟားဟား... အဲဒီလူထုတိုက်ပွဲ ကို ဆင်နွဲ ဖို့ အကြိမ် ကြိမ်    ခင်ဗျားတို့ နှိုးဆော်ခဲ့ကြပြီးပြီ...။ဘေးတီးခဲ့ကြပြီးပြီ...........။
ဒါပေမယ့်      လူစုစု     စုစုမြင်ရင်  ဝင်ပါတတ်တဲ့      မိုးခါးရေသောက်တတ်ကြတဲ့         အော်ဆဲရုံလောက်တတ်တဲ့                        ဂယောင်တချို့ကလွဲလို့    ဘယ်သူတွေ ဝင်ပါခဲ့ကြသလဲ ......ခင်ဗျားတို့ ပြော  ပြောနေတဲ့         ပြည်သူတရပ်လုံး  ဝင်ပါသလား....မပါဘူးဗျ.......။    မကျေနပ်ကြပေမယ့်            ကိုယ်နဲ့ မဆိုင်သလိုလို   ဘာသိဘာသာ ပဲ နေခဲ့ ကြတာပဲ .......။  ဘာလို့လဲ ....ယုံကြည်မှု မရှိလို့ဗျ.....။  ၈၈ တုန်းက ဘယ်လိုကွ   ဆိုပြီး  ရှင်ပြုတုန်း   ရွှေထီးဆောင်းခဲ့ တာတွေ လဲ မေ့ထားသင့်ပါပြီ.... ရှေ့ကို ဘယ်လို         ဆက် စခန်းသွားမလဲ ဆိုတာ မရှိဘူး ....တဆိတ်ရှိ          နိုးဆော်မယ်...တိုက်တွန်းမယ်(မြှောက်ပေးမယ်)         ဒါပဲထပ်ချီးတလဲ လဲ နဲ့      သိပ်နားကလောတယ်ဗျ.....။  နအဖ မကောင်းမှန်းသိကြတယ်......ဒါပေမယ့်      ယုံကြည်လောက်တဲ့            အားကိုးလောက်တဲ့  ခေါင်းဆောင် နိုင်ငံရေး ပါတီ အဖွဲ့ အစည်း   မပေါ်သေးဘူး.............။  အားကိုးယုံကြည်လောက်တဲ့ ခေါင်းဆောင် မရှိမှတော့         ပြည်သူတရပ်လုံးတခဲနက် ဝင်မပါဘူးဆိုတာ   ဆန်းသလားဗျ........။ ဘယ်သူက ကိုယ့်သေတွင်းကိုယ်   တူးမှာတဲ့လဲ ....။   ခင်ဗျားတို့    လူလည် ကြီးတွေ က နိုင်ငံခြားမှာ ကွန်ပြူတာလေး   အင်တာနက်လေး သုံးပြီး ပဲ              အွန်လိုင်းမှာ တော်လှန်နေကြတာ    တကယ်ချကြပြီဟေ့ ဆိုရင်  ခင်ဗျားတို့က အလွတ်ကြီး...အွန်လိုင်းမှာ လူသတ်လို့မှ မရပဲကိုး.........။        ခံရမယ်ဟေ့ ဆို  ပြည်သူတွေ ....ချရမယ်ဟေ့ ဆို  ပြည်သူတွေ....   ကဲ ထိုင်ခုံလုကြပြီဟေ့ ဆို      ပြည်သူတွေ အလှည့်ရောက်မှာ မဟုတ်ဘူး.....။    ရှက်တတ်ရင်လဲ သေသင့်တယ် အွန်လိုင်းတော်လှန်ရေးသမားတွေ..............။
တဆိတ်ရှိ နိုးဆော်လိုက်ပါတယ်.....တိုက်တွန်းလိုက်ပါတယ် ဆိုတဲ့              ခင်ဗျားတို့ ရဲ့ ဆိုင်းနောက်ထ သောက်ကျင့်တွေကို ဖျောက်ကြပါလို့ တင်ပြရင်း      အသံကောင်းဟစ်လိုက်ပါတယ် ခင်ဗျာ......။
[ILX]≡ PDF Gratis Abolicion del pato Spanish Edition Larry La 
FountainStokes Books
                      -
                    
Abolicion del pato Spanish Edition Larry La FountainStokes Books
Download As PDF : Abolicion del pato Spanish Edition Larry La 
FountainStokes Books
[image:...
6 years ago
 
 
 
 
 



No comments:
Post a Comment