ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ အစွဲအလမ်းကင်းတဲ့  စိတ်ကို မွေးမြူကြပါစို့
မလွှဲမရှောင်သာ။    
                     အင်တာနက်မိတ်ဆွေ အပေါင်းတို့ ။ မလွှဲ မရှောင်သာ ကိစ္စကားဖြစ်ချေပြီ  ။   ပါတီတွေ ကား    ထောင်ကြရတော့မည်   ။     ထောင်ကြတော့မည်............။   ဖွဲ့စည်းပုံ ကို သင်တို့ ကြိုက်သည် မကြိုက်သည်အသာ ထား          ငြင်းခုံ၍   အကျိုးမရှိ    ။        ထောင်သော ပါတီတို့ကို    လေ့လာဖို့ပြင်ထားရမည်       ။          အမတ်လောင်းတွေ မဲဆွယ် ဖို့ကိစ္စပေါ်လာတော့မည်       ။      မိမိတို့   မြို့နယ် အတွင်းမှာ       အမတ်ကြီးဦးဘယ်သူ တရာလာဟောတာကို           မြင်ကြရမည်   ။    အမတ်ကြီးတရားပွဲကို ခဲနဲ့ ပေါက်ထုတ်တဲ့ နည်းနဲ့တော့   နိုင်ငံရေးမလုပ်သင့်    ။         အကျိုးသင့် အကြောင်းသင့် မေးမြန်း စိစစ်ကြရမည်       ။    ဘယ်လိုမေးခွန်းတွေ မေးမှာလဲ    ။  တိုင်းပြည်ရဲ့  အနာဂတ်        အတွက် ဘယ်လိုပုံဖေါ်ပေးမယ့်    အမတ် အမျိုးအစားကို လိုချင်ကြသလဲ    ။        ကိုယ့်ကိုကိုယ် အရင် မေးထားကြစို့     ။            အမတ်လောင်းကြီးတွေ        မဲဆွယ်ပွဲ ကာလ ရောက်လျင် ကျွန်ုပ်ကလည်း        မေးခွန်းတွေ  အင်တာနက်မှာဖြန့်ဦးမည်      ။        မိတ်ဆွေ တို့ကိုပါ            နိုင်ငံသားကောင်းတယောက်ရဲ့             တာဝန်ယူမှုမျိုးနဲ့             နိုင်ငံအတွက် အကျိုးဖြစ်မယ့် မေးခွန်းမျိုးမေးနိုင်အောင်            စဥ်းစားထားစေချင်သည်       ။       အစွဲ အလမ်းတွေ ကိုလဲ ဖြုတ်စေချင်သည်   ။      တက်လာသော အမတ်လောင်းကား         မည်သည့် နေရာမှ လာသည် ဖြစ်ပါစေ             (ကြံ့ခိုင်ရေးကလာသည်       ။  စစ်တပ်က လာသည်။ တစည က လာသည်  ။ အန်အယ်လ်ဒီက         လာသည်  ။ တခြားပါတီက လာသည်          တသီးပုဂ္ဂလ ကလာသည် )     ကို မကြည့်သင့်    ။       သူ၏ ပြောစကား         အတွေးအမြင်           စီးပွားရေးအပေါ်သဘောထား            နိုင်ငံရေးအပေါ်သဘောထား            တခြားပါတီတွေ အပေါ်သဘောထား              ပြည်သူလူထု အပေါ်သဘောထား       ရင့်ကျက်မှု             ပညာရေးအပေါ်အမြင်    ကျန်းမာရေး အပေါ်အမြင်        သူ့ရဲ့ စီမံခန့်ခွဲနိုင်မှု               ယေဘူယျ ပရောဂျက်တွေ သာ  ကြည့်ပါ     ။           အဲဒီ အပေါ်မှာ လေ့လာ အကဲ ဖြတ်ပြီးတော့မှ သာ        သူ့ကို မဲပေးလိုက်ကြဖို့လိုသည်        ။                 သူသည် ကျုပ်တို့ နိုင်ငံအတွက်     ဥပဒေ ပြုမည့်သူဖြစ်သည်     ။            သူသည် ကျုပ်တို့ နိုင်ငံ အတွက် အုပ်ချုပ်ရေးအဖွဲ့များ                တရားစီရင်ရေး အဖွဲ့များကို ဦးဆောင် ဖန်တီးပေးမည့်သူ ဖြစ်သည်   ။            ထို့ကြောင့်         ပြည်သူတို့လုပ်ရမည့်  အလုပ်ကား              လက်ရှိဖွဲ့စည်းပုံ မူဘောင် အတွင်းမှ သွားရန်          အကောင်းဆုံး အတော်ဆုံး သူများကို ရွေးရမည်           ။        ထို့ကြောင့် အဖြေကား       ရွေးချယ်ပြီး သားမူဘောင်ထဲမှာ       သဘောထား အမှန်ဆုံး    အတတ်ကျွမ်း ကျင်ဆုံး          လူများကို ရွေးချယ်ရန်     ဖြစ်သတည်း          ။
ယခု ကာလ နှင့် ၂၀၁၀ ရွေးကောက်ပွဲ ကြားကာလ            ။ 
                             ကျွနုပ်တို့နိုင်ငံရေးလောက သားတွေ                ပြောပေါင်းများလှသည်          ။      လက်ရှိအုပ်ချုပ်ရေး ယခု တရားစီရင်ရေး             ယခု ခြစားကိစ္စများ အကြောင်းကို     ပြောဘူးပေါင်းများလှသည်       ။      ကျွနုပ်ကလည်း  ဝန်ထမ်းတယောက်ဖြစ်နေသည်              ။              ကျွနုပ်ကိုယ်တိုင်လည်း   မလွတ် မကင်းပါခဲ့  ပြီးလေပြီ     ။       ထားတော့                   ယခု ကာလကား         ပြဿနာ ပေါင်းစုံလှသော              အခြေအနေ ဖြစ်နေသည့် အတွက်              အချို့ကိစ္စများကို လျစ်လျူရှုခဲ့သည်           ။       ပြဿနာတွေ တထွေးကြီးပါသွားသော       အစိုးရသစ်ကို မမွေးဖွားလိုတော့             ။            ဒီဘက်ခေတ်မှာ ကတည်းက တချို့ပြဿနာတွေ ကို              မိမိတို့ အသိတရားနဲ့           စွန့်ခွာခဲ့ဖို့လိုလေပြိ              ။          ဥပမာ  -သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေးကိစ္စ       တကမ္ဘာလုံး         လာဘ်ပေးလာဘ်ယူကင်းသော                  ခြစားမှု အကြွင်းမဲ့ကင်းသော အစိုးရဟူသည် မရှိ            ။     အနဲ  အများကွာ ကြသည်       ။           တရွာလုံး    ယိုတဲ့ချေး          ပုဇွန်ဆိတ် ခေါင်းပေါ်ပုံချ                ဆိုသလို နိုင်ငံ အကြီးအကဲ များခေါင်းပေါ်ပုံချနေလျင်လည်း                            မအောင်မြင်နိုင်   ။             ကျွနုပ်တို့       လူ့ အဖွဲ့ အစည်း    ကိုယ်တိုင် ယဉ်ကျေးစွာ         တာဝန်သိစွာ              ပြုပြင်ကြဖို့တော့လိုသည်              ။         ကျွန်ုပ်ကိုယ်တိုင်       လက်ရှိဝန်ထမ်းဘဝနှင့်                ဘာတွေ လုပ်နေရသနည်း             ကျွန်ုပ်သိသည်               ။       ကျွန်တော့သူငယ်ချင်း      အလုပ်တူ       အဆင့်တူ      သူလုပ်နေတာတွေ ကို သူသိသည်        ကျုပ် သိသည်           ။             ကျွန်တော့ ဌာန မှ အတွေ့ အကြုံလေးကို          ပြောပြမည်          ။         ဖွဲ့စည်းပုံ ကိစ္စပေါ်လာတော့ ဘယ်လိုလုပ်ကြမလဲ        ထောက်ခံကြမလား      ကန့်ကွက်ကြမလား           ပြောကြသည်          ။              ဝန်ထမ်းထဲမှာ            အစိုးရ ဆန့်ကျင်စိတ်ရှိသူ                ( အမှန်တကယ် မဆန့်ကျင်ရဲ  )      က     ၅၀% ပါနေသည်               ။              (ဖွဲ့စည်းပုံ ထောက်ခံမဲတွေ ကို သာမန် အရပ်သားတွေ က           ပိုထောက်ခံလို့ ထောက်ခံမဲ များရခြင်းဖြစ်သည်            ။)               သို့သော်               မိမိကိုယ်တိုင်ကျတော့      ခြစားမှုဘောင်တွေ မှာ             မွေ့လျော်နေသည်     ။    အဲဒါ ကို       ကိုယ်တိုင်ပြုပြင်ဖို့     စိတ် မဝင်စား                 ထစ်ခနဲ ရှိ           အစိုးရမကောင်းကြောင်းပြောချင်သည်      ။ အစိုးရကိုသာ မကောင်းပြောနေတာ ဖြစ်ပြီး              မိမိ အထက်အရာရှိကိုတော့                     (၁၂) လ လုံးလုံး သီတင်းကျွတ်နေသည်     ။        မိမိ အသက်ရှင် ရပ်တည်ရေး အတွက် လို့ အကြောင်းပြပြီး                  မသမာမှုကို လုပ်မည်   ။ အရပ်ထဲမှာ             လူချစ်လူခင်များအောင် အစိုးရ မကောင်းကြောင်းပြောမည်             ။               အရပ်သားတွေ ကတော့ သူ့အကြောင်းတိတ်တိတ်လေး      သိနှင့်နေသည်        ။        မိမိကိုယ် ကို ဆင့်ရဲသား အခြေခံ လူတန်းစား ဘက် က ရပ်တည်သူလို့ မြင်အောင် ပြောမည်            ။              သွားတာ က အရက်ဆိုင်     သို့မဟုတ် အနှိပ်ခန်း            ကာရာအိုကေ            ကွန်ပြူတာထဲ မှာ ထည့်ထားတာကလည်း     ညစ်ညမ်းကား   ။  ခေါ်လိုက်တဲ့ ဖုန်းနံပါတ် က သမီးလေး ဖုန်း             ။           အဲသလို ဝန်ထမ်းတွေနဲ့သာ          ရှေ့ဆက်ပြီးသွားနေကြရင်              နောက်တက်လာမယ့်    အစိုးရအဖွဲ့လည်း           မကယ်နိုင်          ။            အပြစ်ပေး       အရေးယူတာတွေ                လုပ်မှ ပြုပြင်ကြမှာလား                  ။          အခုကာလ ဒီလိုတွေ ဖြစ်နေကြတာကို     အပြစ်တော့ မတင်ချင်သေး            ။           ရောဂါဖြစ်နေပြီလို့ သတ်မှတ်သည်          ။          အကျင့်ပျက် ခြစားမှုတွေကို ဖေါ်ထုတ် ရမည်         ဆိုလျှင်          တချို့ဌာနတွေ  အတွက် အနှစ် သုံးဆယ် စာလောက် ပေါ်မည်            ။မိမိတို့ ကိုယ်တိုင် အသိတရားနဲ့ ပြုပြင်သွားသင့်ပြီ           ။           မိမိတို့ လိုချင်တဲ့ လူ့ အဖွဲ့ အစည်း                  လူ့ပတ်ဝန်းကျင်ကို    တာဝန်ယူ တည်ဆောက် လိုစိတ် မျိုးမွေးရမည်             ။                အသက်  ၃၆ နှစ် ကျော် သော သက်လတ် ပိုင်း ပညာတတ်တွေ                ၃၀ %လောက် က အဆိုး မြင်လွန်းနေသည်    ။        သူငယ်ချင်း အရင်းကြီးတွေ  ကျွန်တော့် ကို ပြောသည်         ကိုယ့်မိသားစုကောင်းဖို့ပဲ ကိုယ်လုပ်မယ်        နိုင်ငံကောင်းဖို့ဆိုတာ လုံဝ မလုပ်နိုင်ဘူးတဲ့           ဒီနိုင်ငံက  သူတို့လုပ်လောက်အောင် မထိုက်တန်ဘူးတဲ့                သူတို့ကိုယ်တိုင်ကတော့ ပြည်သူ့ ဘဏ်ာ ကို      ရသလောက်ခွာနေကြသည့်   အင်ဂျင်နီယာတွေ ဖြစ်သည်      ။      လူငယ်တွေ တောသူ တောင်သားတွေ ကမှ     အကောင်းမြင်ကြသေးသည်       ။        အဲဒီ အားက       ဖွဲ့ စည်းပုံကို ထောက်ခံလိုက်တာ ဖြစ်သည်          ။     ကရွတ်ကင်း လျောက်သလို လည် နေသော  ဒီ အမှားသံဿရာကြီးကို         တနေရာမှာတော့ ဖြတ်ပြီး ရတ် ပြစ် ရမည်      ။        ယခု လို အစိုးရ အကူးအပြောင်းမှာမှ  မရပ် လျှင်        နောင် အစဉ်အဆက် ပါလေတော့ မည်     ။     ပြည်သူတွေ အပိုင်းကလည်း                အပြစ် လို့ မမြင်ပဲ ရောဂါလို့                    မြင်ပေးသင့်သည်          ။                 ဝန်ထမ်းပိုင်းကလည်း         မိမိတို့ အမှားကို ဝန်ခံ ဖေါ်ထုတ်ပေးသင့်သည်          ။             အစိုးရပိုင်းကလည်း             အပြစ်ပေးတာထက်      အစားထိုးဖြေရှင်းနည်းတွေနဲ့ ကုသ သွားသင့်ပါတယ်                ။
ခြစားမှု ဖွင့်ဟ ဝန်ခံရေးနှင့်      နွေးထွေးပညာပေးကုသရေး ဌာန       လိုမျိုးတောင်    အသစ် ဖွင့်လှစ် ကုသ ဖြေရှင်းပေးသွားသင့်ပါတယ်   ။        အဲဒီလို လုပ်ဆောင် နိုင်ခဲ့လျှင်တော့          အနာဂတ် အစိုးရအတွက်  အခု လက်ရှိ တပ်မတော် အစိုးရရဲံ့  အထူးလက်ဆောင်  တခု ဖြစ်မှာ မလွဲပါဘူး  ။      လက်ရှိ အစိုးရကို ပေးနေတဲ့   ဘက်ပေါင်းစုံ ဖိအားတွေ ဟာလဲ            အမှန်တကယ် အနာ ဂတ်မှာ  ပေါ်ပေါက်လာမည့်  အစိုးရသစ်ကို ထောက်ခံရာ              ထောက်ကူကြောင်းနွေးထွေးမှုတွေ          အဖြစ်ပြောင်းလဲ သွားစေချင်ပါတယ်       ။          ဒီနေရာမှာ အလေး အနက် ပြောချင်တာကတော့            လက်ရှိ အစိုးရအဖွဲ့ ကို အသာထား                 လက်ရှိနိုင်ငံကို ခင်ဗျားတို့   တက်အုပ်ချုပ်သည် ဖြစ်စေ              ကျွန်တော့် လက်ထဲ ကို အုပ်ချုပ်ရေးအာဏာ အားလုံး         လွှဲအပ်ထားသည်  ဖြစ်စေ       အလွယ် တကူပြုပြင် ပြောင်းလဲ ဖို့             ခက်ခဲနေစေတဲ့ အခြေအနေ တခု ကို ရောက်ရှိနေတယ် ဆိုတာ ကိုပါပဲ     ။                   
တရားဥပဒေ စိုးမိုးရေး အခြေခံ            ခြစားမှုကင်းသော ဝန်ထမ်း               လာဘ်ပေးလာဘ်ယူကင်းသော အစိုးရ ဖြစ်ဖို့ရာမှာ   တတိုင်းပြည်လုံးတာဝန်ရှိနေတယ်        ။    နိုင်ငံဝန်ထမ်း စုစုပေါင်း    (၁၀) သိန်းခန့်ရှိတယ်         ။မိသားစု     ဆွေမျိုးပေါင်းလဒ် ဆို ရင်  ၁၀ သန်းလောက် ရှိနေပါတယ်             ။           အဲဒီသူတွေ ကိုယ်တိုင်               အကောင်းမြင်စိတ်မွေးပြီး              မိမိကစပြီးပြုပြင်ရပါမယ်          ပြုပြင်သင့်ပါတယ်          ။              အစိုးရရဲ့        ပေါ်လစီတွေ ကို အမှန် တကယ် အကောင်အထည်       ဖေါ်ရာမှာ              ကိုယ်တိုင်နားလည်မှုရှိနေရင်          အမှား အမှန်                လိုအပ်ချက်တွေ ကို အပြုသဘောတင်ပြပြီး                  အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမယ်       ။            မလုပ်မရှုပ်မပြုတ် ပုံစံမျိုးနဲ့            တာဝန်မဲ့နေတာ ဟာ နိုင်ငံတော် အပေါ်   /        ပြည်သူ့ အပေါ် သစ္စာဖေါက်နေတာ ဖြစ်တယ်       ။
 အဲလို ဖြစ်နေတာကို အပြစ် မြင်လွန်းအားကြီးပြန်ရင်လည်း        ကုစားဖို့ခက်ခဲတဲ့   အခြေအနေ တွေ ဖြစ်ပေါ်လာမှာ မလွဲပါဘူး     ။     အပြစ်ပေးရုံနဲ့     မပြေလည် နိုင်တဲ့ ခုလို အခြေအနေမှာ           အစားထိုးဖြေရှင်းနည်းတွေကို ပါ စဉ်းစားထားရပါမယ်           ။အလွယ် ကူဆုံးစဉ်းစားရင်    ယခု  ပြည်တွင်းမှာ ရပ်တည်နေတဲ့ ဝန်ထမ်းတွေ ဟာ               သူတို့ရပ်တည် ဖို့လုံလောက်တဲ့ ဝင်ငွေ ရှိနေလို့သာ             ရပ်တည်နို်င်ကြတာ ဖြစ်တယ်         ။           ဘယ်နိုင်ငံခြားကမှ              လာပေးတာ မဟုတ်ဘူး          ။ဝင်ငွေ စီးဆင်းတဲ့ လမ်းကြောင်းကိုသာ ပြုပြင်ပြောင်းလဲ ပေးလိုက်နိုင်ရင်             ယခုလက်ရှိတိုင်းပြည်ရဲ့        ဝင်ငွေနဲ့      လက်ရှိဝန်ထမ်းတွေ လုံလောက်မှာ ဖြစ်ပြီး             ဥပဓိရုပ်ကောင်းတဲ့ အစိုးရ အမှုထမ်း        ဝန်ထမ်းကောင်းတွေ ဖြစ်လာမှ မလွဲပါဘူး            ။         မိမိတို့ ကိုယ်ကို မယုံကြည်ပဲ          အပြစ်ရှိနေတယ် လို့          ခံစားရချက်တွေ နဲပါးပြီး       အစိုးရနဲ့  ပူးပေါင်းဆောင်ရွက်ရာမှာလဲ  ပိုမို တက်ကြွလာနိုင်စရာရှိပါတယ်           ။
နောက်ထပ် အကျိုးအမြတ် တခုကတော့              ဝင်ငွေ ခွဲဝေဖြန့်ဖြူးမှု အပိုင်းမှလည်း            နိုင်ငံတော် အကြီးအကဲတွေ အနေနဲ့  ပိုမို  မြင်သာလာပြီး           လူတန်းစားမညီမှုတွေလျော့ပါး                       ဝင်ငွေ ခွဲဝေဖြန့်ဖြူးမှုတွေ        ညီမျှလာပြီး         လူလတ်တန်းစားတွေ များလာနိုင်ပါတယ်           ။           လူလတ်တန်းစား များလာတာ ဟာ            တိုင်းပြည် တည်ငြိမ်ရေးနဲ့ တိုးတက်ရေးကိုပါ          အထောက်အကူပြုမှာ ဖြစ်ပါတယ်လို့ မြင်ပါတယ်       ။သာမန် အရပ်သားတွေ အနေနဲ့လည်း      အစိုးရအဖွဲ့ အပေါ်ပိုမို ယုံကြည်ပူးပေါင်းလာပါလိမ့်မယ်               ။
မီဒီယာမျိုးစုံသို့ အမှာစကား                       ။  
           ပြည်တွင်းပြည်ပ မီဒီယာမျိုးစုံ အနေနဲ့လည်း            မြန်မာလူမျိုး   တွေဖြစ်ကြပြီး        မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးရေးမှာ        ပညာရှေ့ဆောင်ရပါလိမ့်မယ်       ။       အစွန်းရောက်လွန်းတဲ့    အတွေးအခေါ်တွေကိုပဲ ဖြစ်ဖြစ်         မိမိတို့ရပ်တည်ချက်အတွက်ကြောင့်ပဲဖြစ်ဖြစ်      လုပ်ဆောင်နေရတာတွေ ကို        ပညာဦးစီးပြီး ဖြစ်နိုင်ခြေ အရှိဆုံးလမ်းနဲ့                  မြန်မာ့ဒီမိုကရေဒီ အရေးကို          ပံပိုးပေးစေချင်ပါတယ်     ။
မီဒီယာသမားများဟာ        မိမိတို့ကိုယ်တိုင် မီဒီယာသမားစစ်စစ်ဖြစ်အောင် ပြုပြင်နိင်ရင်လည်း           ကောင်းပါတယ် ။ ကိုယ်ပိုင်အစွဲ               ကိုယ်ပိုင် အတွေးတွေနဲ့          မီဒီယာ အသာစီးရယူတာ မျိုးတွေ               လုပ်လာရင်တော့ ဒီမိုကရေစီ ပျက်သုဉ်းပါတယ်        ။         ဘီဘီစီ ကပြောတယ်           သတင်းဖြစ်တဲ့နေရာတိုင်းမှာ  ဘီဘီစီ သတင်းသမားတွေ ရှိနေတယ် ဆိုတာ မှန်ပါသလား               ။ ဦးကျော်ဇံသာ က ဗွီအိုအေ ကနေ        ပြောတယ်      ။     ကျွန်တော်တို့ သတင်းသမားတွေ ဆိုတာ       သတင်းဖြစ်တဲ့အတိုင်းပြောပါတယ် ဆိုတာမျိုးတွေ ကို မှန်အောင် ကျင့်သုံးပါ       ။  ယခုထိတော့     မကျင့်သုံးသေးပါ   ။  ဥပမာ  -  မဖြူဖြူသင်းက အေအိုင်ဒီအက်စ် ဝေဒနာရှင်    ၁၃ ယောက် လောက်ကို ဆေးတောင်းပေးရင်  သတင်းထဲပါတယ်      ။        အကြီးကြီးပါတယ်      ။             ကိုကျော်သူက ဆန် ၂၅ အိတ်လောက် သွားလှူရင်     အကြီးကြီးပါတယ်       လူ့အခွင့်အရေး ကိုမြင့်အေးက ထွန်စက် ၁စီးရနိုင်တယ်    ထွန်ပေးမယ်လို့ပြောရင်    အကြီးကြီးပါတယ်      ။    ကိုညိုမင်းလွင်တို့    ဘိုကလေးမှာ  သိန်းတထောင် ဖိုးလောက်                       (မြန်မာ ဒပလော့မန့်ဖေါင်ဒေးရှင်း လှူတဲ့ ပစ္စည်းက သိန်း ၈၀ ဖိုးခန့်သာ ပါသည်  )    ရေဒိယိုလေးလုံး တလုံးမှာမှ မပါပါဘူး  သိပ်သိသာပါတယ်    ။ ဖုံးနံပါတ်တွေ  သိတယ် နှပ်ထားတယ်  အင်တာနတ် မိတ်ဆွေများအားလုံးလဲ        အဲဒီ ရေဒီယိုလေးလုံး   မီဒီယာ မဆန်တာ           ဒီမိုကရေစီ မဆန်တာ ကို သတိပြုမိလောက်ပါပြီ        ။
အစိုးရမကောင်းကြောင်ပြောမှ ကြိုက်တတ်တဲ့      ရေဒီယိုလေးလုံးလဲ      သဘောပေါက်  ချိန်တန်ပြီ        ။        တလက်စတည်း             မီဒီယာဖုတ်သွင်းရထားကို    ဘုရင်စနစ်မှာထားခဲ့တော့ဆောင်းပါး ဆက်ရေးမယ်         ။
မီဒီယာ ဖုတ်သွင်းရထားကို     ဘုရင်စနစ်မှာ    ထားခဲ့တော့  ...........
ရှေးရှေးပုံပြင်ထဲက  ဖုတ်သွင်းရထား                       ။       ဟိုးရှေးရှေးတုန်းကပေါ့    တိုင်းပြည် တခုမှာ ဘုရင်တပါးသေသွားခဲ့ရင်          နန်းလျာလဲ မရှိရင်ပေါ့     ဖုတ်သွင်းရထားဆိုတာ စီစဉ်ပြီး     ဆေးစီရင်ပြီး
မန်းမှုတ်ပြီး     လွှတ်လိုက်တယ်ပေါ့ဗျာ          ။              အဲဒီ ဖုတ်သွင်းရထားဟာ   လူတယောက်ယောက်ထံမှာ သွားရပ်ရင်       အဲဒီ သူဟာ  မင်းလောင်းပဲပေါ့................... လွယ်လိုက်တာ ............................။
အခုခေတ်မှာလည်း ဖုတ်သွင်းရထားက ရှိတယ် ဗျ           ။
       ဒေါ်အောင်ဆန်းစုကြည် ဆိုပြီး         အကြီးကြီးလုပ်        ဖုတ်သွင်းပေးနေတာ က မီဒီယာတွေ  ...မင်းကိုနိုင်ဆိုပြီး        အကြီးကြီးလုပ် ဖုတ်သွင်း    ...........ဆရာကြီးထင်ကျော်ကို ဖုတ်သွင်း          .....ဘုန်းကြီးတွေ တောင် မချန်  ဖုတ်သွင်းလိုက်သေးတယ်         ။           အေးဗျာ ...........ခက်တာက  အဲဒိ လူတွေက  လူသက် မရှိပဲ     ဖုတ်သက်ပဲ ရှိတာဗျ .....တကယ့်လူလို       အလုပ်လုပ်ရတော့မယ် ဆိုရင်      ဖုတ်သွင်းရထားကြီး ပြန်ပြန် ကြည့်နေရတယ်          ။             သေရောပေါ့ဗျာ............လူသက် မရှိပဲ         ဖုတ်သက် ပဲ ရှိနေတော့ ဘယ်အောင် မြင်လိမ့် မလဲ ဗျာ...........။            ဖုတ်သွင်းရထားကိစ္စပြီးတော့           ဖုတ်ကိစ္စ ဆက်ပြောဦးမယ်      ။  ဖုတ် ဆိုတာ နဲ့   ပါတ် သက် လို့ပေါ့ဗျာ                 တောမှာ အနေကြာတော့         ကြားဖူးတာလေးတွေ ပြောဦးမယ် ဗျိုး............။ကျုပ်ကတော့ လုံးဝ မယုံပါဘူးဗျာ          .......တောသားတွေ အပြောပေါ့ ..........။
   
ဖုတ်ဆို တာ အစိမ်းသေ သေလို့ သေဆုံးသွားတဲ့ သူတယောက်ယောက်ရဲ့    ကိုယ်မှာ မကောင်းဆိုးဝါးတကောင်က           မှိခို ကပ်ရပ်နေပြီး    အစားအစာတွေ စားတတ်တယ်ပေါ့ဗျာ........။     ဖုတ် အမျိုးရှိသတဲ့ ......အမဲသားကြိုက်တဲ့  ဖုတ်           .....ဝက်သားကြိုက်တဲ့ ဖုတ်...........ချီးစားတဲ့  ဖုတ် ဆိုပဲ      ။  ဒါက အစာ အာဟာ ရ အပေါ်မူတည်ပြီးကွဲတာနော်            .......။  အဲဒီ  ဖုတ်တွေ ကို ထုတ်ချင်ရင်       ဩဇာရွက်  (၇) ရွက်ကို  ဖင်ပြန်ခေါင်းပြန်ထပ်ပြီး       သူ့အိပ်ရာအောက် သွားထားရသတဲ့     ။ နောက်နေ့ မနက်မှာတော့          လူအသေသာ ကျန်ခဲ့ပြီး ဖုတ်ကတော့ ထွက်သွား ဆိုပါရောဗျ    ။
 တချို့ကတော့  ဘဝင်ဖုတ်ဗျ............ဩဇာရွက်လောက် ကို မမှုဘူး    ။ ဖုတ်မင်း ဆိုပဲ ဗျ  ... သူ့ကို ထုတ်ချင်ရင်တော့                       (ကနက်ကဒန်ထီး)    (သတ်ပုံမှားနိုင်သည်)    ဘုရင်တွေ    ဆောင်းတဲ့ ထီးဆိုတာကို  ဆောင်းပေးရသတဲ့    ............... အဲဒီတော့မှ         ဖုတ် ကထွက်သတဲ့     ။
အေးဗျာ....ကျုပ်တို့             နိုင်ငံရေးလောကမှာလဲ       မီဒီယာ ဖုတ်သွင်းထားတော့          လူသက် မရှိပဲ   ဖုတ်သက်နဲ့ အသက် ရှင်နေတဲ့            နိုင်ငံရေးသမားတွေ ကို  သြဇာရွက်သုံးမ လား                 ထီးဖြူဆောင်းထုတ်ပေးရမလား   မသိဘူးဖြစ်နေတယ် ။  အစာ ဖုတ်လား     ဖုတ်မင်းလား တော့ လေ့လာရမယဗျို့ ..........။
ဘာဖုတ်ပဲ ဖြစ်ဖြစ်ပေါ့ဗျာ.........မီဒီယာက အသက်သွင်းပေးထားတာ ဆိုတော့       မီဒီယာကိုပဲ  ရိုက်ထုတ်ပစ် ရမလို       ဖြစ်နေတယ် ဗျ           ။   အဲဒီတော့     မီဒီယာတွေ  ပုံစံပြောင်းပြီး            မီဒီယာ အလုပ် လုပ်ကြဖို့လိုတယ်            ။     ဒီလိုသာ            ကိုယ်ထင်တဲ့ သူကို ဖုတ်လိုက်သွင်းနေမယ် ဆိုရင်              ကျုပ်တို့ ဒီမိုကရေ စီ ခရီးလမ်း မဖြောင့်နိုင်ဘူးဗျိုး.....။    ဩော်        ဖုတ် ထုတ် ချင်လွန်းလို့  ဆိုပြီး      ရေဒိယို လေးလုံးဝယ် ထီးဖြူဆောင်းပေးတော့             သွားမလုပ်ပါနဲ့ဗျာ.။           ဘုမသိ ဘမသိနဲ့  သတင်းထဲမှာ သူတို့ကို ကိုးကွယ်နေပြီ ဆိုပြီးလွှင့်ဦးမယ် ဗျိုး      ။
ကျုပ်ကတော့ မီဒီယာ အစစ်ကို ယုံတယ်                            ။                                 ကျုပ်က လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ကို ကြိုက်တဲ့ သူဆိုတော့             မီဒီယာ အစစ် ကို ယုံတယ်     ။ မီဒီယာ အစစ်တွေ    ဖြစ်ထွန်းဖို့လိုတယ်      ။.     ဒီမိုကရေစီ             အမှန်တကယ် ဖွံ့ဖြိုးဖို့ဆို့ရင်              လွတ်လပ်တဲ့ မျှတတဲ့            ဘက်မလိုက်တဲ့ မီဒီယာတွေ                အင်စတီကျူးရှုင်းတွေ ရှိရမယ်   .............။     ကြိုက်တယ် ....။ မီဒီယာ စနစ်အပေါ်မှာ           မတူညီတဲ့ အမြင်တွေ            အတူတကွ တက်လာကြပါစေ               ။            အတူ တကွ ယှဉ် ပြီုင်နိုင်ကြပါစေ ...ကောင်းတဲ့ အတွေးအခေါ်    အယူအဆက ရှေ့က ဦးဆောင်ပြီး              အနာဂတ် ကို မောင်းနှင်သွားပါလိမ့်မယ်                    ။ အဲဒါ ကြောင့်သာ မီဒီယာ တန်ဖိုး          ကြီးတာပေါ့ ..........ဒီလိုသာ  မီဒီယာ တပိုင်း       ဖုတ်တပိုင်းနဲ့ လျောက်လုပ်နေရတဲ့      ရေဒီယိုတွေ ဖြစ်နေရင်   ဘယ်လိုလုပ်ပြီး         အိုင်ဒီယာကောင်းတွေ မွေးဖွား လိမ့် မလဲ ........။         ချီကာဂို တက္ကသိုလ် ရဲ့           ရှော့ခ် ကုထုံး ဆိုတာ      အဲဒါ ပဲ ဗျ ...................မတူညီတဲ့ အမြင်တွေ ကို              ပေးတိုက်လိုက်           ပေးဆုံလိုက်             အဖြေ တခု အမြင်တခု အောင်ပွဲ ခံရလိမ့်မယ်တဲ့       ဗျ              ။           အဲဒါ သည် ပင်  အဆုံးသတ် ကို ပေးခြင်းပဲ          ။     အဲဒီတော့           မီဒီယာတွေကိုယ်တိုင်    ဒီ အမြင်ကို ခံယူပါ ........နိုင်ငံရေး ပညာ ရှင်ဆိုရင်       မီဒီယာလို မလုပ်နဲ့           ကိုယ့်စကားဆိုပြီးပြောဗျ              ။         သာစေ   နာစေ      ဘက်လိုက်ပြီး အချိန် မပေးကြနဲ့          ။
 နည်းပညာက  ကျုပ်တို့ဘက်မှာ                                  ။   
                   အေး       ဘယ် လိုပဲ ဆိုဆို     ခေတ်ပြောင်းသွားပြီ.....။အင်တာနတ် ကွန်ယက်ကြီးက      လက်ဝါးကြီးအုပ် စည်းဘောင်တွေ ကို ချိုးဖြတ်လိုက်ပြီ............။        မည်သည့်        မီဒီ ယာ မဆို ကိုယ် ကြိုက်သလို           ရပ်တည်ပါ ........ရတယ်      ။   လူတယောက်ချင်း        ဟာလဲ     မီဒီယာ တခုေ လာက်        စိတ်ထင်တိုင်း          လုပ်နိုင်တယ်(ကျေးဇူး  ဂူးဂဲလ် )   အမ်ပီ သရီးတခု  ....ကွန်ပြူတာ တလုံး  ..........ပီဒီ အက်ဖ် ဆော့ဖ်ဝဲလ်  .....ဒစ်ဂျစ်တယ် ကင်မရာတလုံး ............. ဒါလေးသာရှိ         မိတ်ဆွေ  သင်ဟာ အင်တာနတ် ဆိုင်မှာ  ငွေ ၄၀၀ ကျပ်ပေးပြီး          ကမ္ဘာ  ကြီးထဲ  ရင် ဘောင် တန်းပြီး        ပြောဆိုနိင်ပြီ.............။        အေး     ကျုပ်တို့ နိုင်ငံထဲမှာတော့            မြို့တိုင်းမှာ အင်တာနတ် မရှိသေးလို့       မသုံးစွဲနိုင်သူတွေ အတွက်      စိတ် မကောင်းဘူး..........။           ကျုပ်တို့လူမျိုးတွေ တကယ် ဝင်     ပလေး နိုင်ရင်တော့ လာပါလိမ့်မယ် ဗျာ..........။    ခေတ္တ         စောင့်ကြည့်ပါ  ။     ခင်ဗျားတို့စေတနာ မှန်ရင်           အဲဒါ တွေ  ဖေါသိလာအောင်         အရင်လုပ်ဗျာ  .....ကျုပ်ကြိုဆိုတယ်       ။
မီဒီယာ  ဖုတ်သွင်းရထား နိဂုံး ချုပ်                      ။       
             ဟုတ်ပြီ....ကိုယ် ကြိုက်တာ ကိုယ်လုပ်ကြ............။ကိုယ့် သမိုင်းကိုယ် ရေးကြရတော့မယ်   ။ခေတ်နဲ့       အမှီ မလိုက်နိုင်ပဲ  ရှေးဟောင်း    ပုံပြင်ထဲက တော် လှန်ရေးတွေ ကို ဆက် အသက် သွင်း    ရလါဒ် ဟာ ခင်ဗျားတို့        အမောပဲ ဖြစ်စေရမယ်......လောင်းတယ်      ။     ကျုပ်က ဒီနေရာမှာ ခု ဒီလိုေ ပြာနေတာ ဟာ   ခင်ဗျားတို့ စေတနာ အမှားဖြစ်နေတယ် ထင်လို့ ပြောတာ ......။မြန်မာ့ ဒီ မို ကရေစိ       ခရီးလမ်း နီးဖို့ ကို ပြောနေတဲ့            ဦးတင်မောင်သန်းတော့     ကျုပ် ချှီးကျူးလာပြီ          ။         ကို  အောင်သူ ငြိမ်းနဲ့ ပြောနေတာ            တော် တော် ဟုတ်နေပြီ          ။ဆက်လုပ်ပါ ........သတ္တိရှိပါ ............အစစ် အမှန်ကို မြင်ပါ .........ကျားကျားမီးယပ် မလုပ်ပါနဲ့ .............ခင်ဗျားတို့ စစ် အစိုးရကို       နိုင်အောင် မတိုက်နိုင်ဘူး .......... ဒါ            သေချာတယ်  ။   သူနဲ့ အဆင်ပြေ   အောင်          ပူးပေါင်းဆောင်ရွက်ရင်း     သိမ်မွေ့တဲ့ အကူးအပြောင်းကို     ရှေ့ရူသွားပါ ။     ပြည်တွင်းမှာ အမှန်တကယ်ဆာဗေး  လာလုပ်ကြည့်ပါ ။   ကျုပ်ပြောတာကို  မယုံနဲ့ ဦး............ယနေ့ နည်းပညာ ခေတ်မှာ မီဒီယာ      အသာ စီးရလို့ လူပါး ဝမယ် မကြံနဲ့  ....ကမ္ဘာ ပြားပြီ      ။      မဇိမ သတင်းငှာ န က အင်ဂျင်နီယာ အကို တယောက် က     ဘီလစ်ပဲ ရှိသေးတယ်ကွ  တကယ် မပြားသေးဘူးတဲ့ ....ဟုတ်တယ်      ခု မပြားတပြား ခေတ်ထဲ မှာ ကိုပဲ လိမ်နိုင်ရင် လိမ်ကြ ။    နောက် ဆုံးပြောချင်တာ ကတော့        လူသက် မရှိ ဖုတ်သက် သာ ရှိတဲ့ သူတွေ ကို ဖုတ်သွင်းပေးနေတဲ့       မီဒီ ယာ ဖုတ်သွင်း ရထား နိဂုံး ချုပ်ပြီ.......။       ဒါ ဟာ မီဒီ ယာတွေကို နောက် ဆုံး အနေနဲ့             အရေးလုပ်ပြီး    ပြောလိုက်တာပဲ       ။          မီဒီယာ ကိစ္စ ကို နောက် ဘယ်တော့ မှ      ကျုပ်မပြောဘူးဆိုတာ ပဲ ဗျိုး..................။
နေမျိုးဝေ 
(၁၀.၇.၂၀၀၈)
***စာကြွင်း*** 
မိတ်ဆွေတယောက်ထံမှ ရရှိသော ဖိုင်လ် တခု အားမျှဝေပါသည်   ။
ိ
[ILX]≡ PDF Gratis Abolicion del pato Spanish Edition Larry La 
FountainStokes Books
                      -
                    
Abolicion del pato Spanish Edition Larry La FountainStokes Books
Download As PDF : Abolicion del pato Spanish Edition Larry La 
FountainStokes Books
[image:...
6 years ago
 
 
 
 
 



No comments:
Post a Comment