Thursday, November 13, 2008

ကြည့်လဲ ဖြီးပါ ဒေါ်သဒ္ဒါ....

ဘလော့လောက နဲ့ အဆက်ပြတ်နေတာတောင် ကြပါပေါ့လားဗျာ ။ မပြောတော့ဘူးလို့ နေတာပဲ မောလွန်းလို့ ။ ဒါပေမယ့် ပြောစရာတခု ထပ်ပေါ်လာတယ်ဗျာ။ မြန်မာ နဲ့ ဘင်္ဂလား ကိစ္စကတော့ ထားပါတော့ ။ ကိုပိတောက်တို့ တင်ထားတာ အတော်ပြည့်စုံနေတာပဲ ။ မပြောတော့ပါဘူး ။


ကိစ္စက မသဒ္ဒါဆိုတဲ့ အမျိုးသမီး အကြောင်းပဲဗျ ။ ခုတလော ဟိုအော်ဒီအော် လုပ်နေတယ် ကြားလို့ သွားကြည့်မိပါရဲ့ ။ ကိုယ့်အသက်အရွယ် ကိုမှ မထောက် ပေါက်တတ်ကရတွေ ရေးနေတာများဗျာ ။ ကဗျာ မပီ စာမမည် တွေ ။ နောက်....
နေလင်းမောင် ဆိုတဲ့ စစ်ဗိုလ် တယောက်ကို နှိပ်ကွပ်နေလိုက်ပုံများ ၊ သူမှ မသနားရင် နေ့ပြုတ်တော့ မလိုလို ၊ ညပဲ ပြုတ်တော့မလိုလို ။ ကျားသနားမှပဲ နွားချမ်းသာရတော့မလိုလို သူက ပဲ အကုန်သိနေတဲ့ အထာ နဲ့ ဟန်လုပ်နေပုံများ ... ပြော ပြောချင်ပေါင်ဗျာ ။ ထားပါတော့ လေ ။ သူတို့ နှစ်ကိုယ်ကြားကိစ္စ က ချစ်ကိုကြီးလည်း သေချာ မသိတော့ မပြောတော့ပါဘူး ။


ဆိုင်တဲ့ အပိုင်းလေးကို ပြောရအောင်ဗျာ ။
သူငယ်ချင်းရေ..မင်းနားကိုက်ခံရမှာစိုးသောကြောင့်

အမယ်မင်း ရှက်လှပါချည့်..
သားသမီးမတော်ရင်..မိဘခေါင်း..
မသဒ္ဓါ၏ အရွယ်တော်တန်း
ကျောင်းတော်က သူငယ်ချင်းဟောင်း
စွေစောင်း၏ မိဘကောင်းများ..
ဘယ်လိုများ သားသမီးကို
သွန်သင် ဆုံးမ ထားခဲ့ပါသလည်းကွယ်။
မင်း တို့  အစား ကိုယ်ရှက်တယ်
သူငယ်ချင်းတို့ ရယ်။

သူဒီ ကဗျာ မမည် စာမပီ ဟိုလိုလို ဒီလိုလို စာစုတွေ တင်နေတုန်းလောက်ကပေါ့ ။ Willing to know ဆိုတဲ့ nick နဲ့ ပုဂ္ဂိုလ် တယောက်က အဲဒီ မသဒ္ဒါရဲ့ စီဘောက်မှာ မေးသွားတယ်ဗျ ။ သူမသိတာလေးတွေ ၊ သိချင်တာလေးတွေပေါ့ဗျာ ။ သူနဲ့ နေလင်းမောင် တို့ နှစ်ကိုယ်ကြားကိစ္စနဲ့ မဆိုင်ရေးချ မဆိုင်ပါဗျာ ။ နေဘုန်းလတ်တို့ generation wave တို့ နဲ့ ပါတ်သက်တာလေးတွေ သိုးဆောင်းဘာသာစကားလေးနဲ့ မေးခဲ့ မိတယ်ပေါ့ဗျာ ။ သူ့စိတ်ထဲမတော့ မသဒ္ဒါက သူ့မေးခွန်းလေးတွေကို ပြန်ဖြေလိမ့်မယ်လို့ ပေါ့ ။ ဟုတ်ဘူးဗျ ။ နောက်နေ့ .. သူ့ဘလော့ကိုလည်း သွားကြည့်ရော ... မြေခွေး ဆိုပြီး WILLING TO KNOW ဆိုတဲ့ nick ကို စွတ်စွဲ နေတော့တာပါလားဗျ ။ သူ့စကားလေးတွေကို မှတ်မိသလောက်ပြန်ပြောပြရရင် ကဗျာဆရာက ကဗျာထဲမှာ မြေခွေးနဲ့ ကဗျာဆရာ နှစ်ဦးထဲ သာ သိတဲ့ အချက်ကို မြုပ်ထားတယ်တဲ့ ။ နောက်ပြီး ထင်တဲ့ အတိုင်းပဲတဲ့ မြေခွေး မင်းရောက်လာတာပဲတဲ့ဗျ ။ နောက်ထပ်ရှိသေးတယ်ဗျ ။ ချစ်ကိုကြီး မမှတ်မိတော့လို့ ။ အဲဒီတုန်းက သူ့ကို မေးခွန်းလေးတွေ မေးတာနဲ့ နဲနဲပါးပါးဝေဖန်တာ က WILLING TO KNOW ၇ယ် နောက်တယောက်ရှိသေးတယ်ဗျ ။ nick ကိုမေ့နေပြီ ။ အဲဒီတယောက်ရယ် နှစ်ယောက်ပဲရှီတာဗျ ။ အဲဒီတယောက်ကလည်း ယဉ်ယဉ်ကျေးကျေး ကောင်းကောင်းမွန်မွန် နဲ့ အကြံတွေဘာတွေတောင် ပေးသွားသေးတာပဲဗျ ။ ဆိုတော့ကာ .. ဖြစ်နိုင်တာက တယောက်ပဲ ကျန်တော့တယ် ။ WILLING TO KNOW ပဲပေါ့ ။

သူ့ကို မသဒ္ဒါက စွပ်စွဲလိုက်ပုံများဗျာ.... မြေခွေးနောက်ဆုံးတော့ေ၇ာက်လာတာပဲ ဆိုပြီး စစွပ်စွဲ တော့တာပဲဗျ ။ ကျန်တဲ့ သူတွေ ကတော့ ဘယ်သိမလဲဗျာ ။ စီဘောက်က အိုင်ပီကို မြင်ရတာမှ မဟုတ်ပဲ ။ သူက ခပ်တည်တည်နဲ့ ဖြီးနေတာတွေကို အဟုတ်ကြီး မှတ်နေကြမှာပေါ့ ။ WILLING TO KNOW ဆိုတာကို သူပြောသလို နေလင်းမောင် လို့ပဲ ထင်နေကြမှာပေါ့ ။ အမှန်တော့ မဟုတ်ဘူးဗျ ။ နေလင်းမောင် ဆိုတာ မသဒ္ဒါရဲ့ ဘလော့ က စီဘောက်ကို သွားကိုမသွားဘူးလို့ ချစ်ကိုကြီးတို့ကတော့ ယုံတယ်ဗျ ။ ဘာလို့လဲ ဆိုတော့ ဘယ်သူမှ နေလင်းမောင် လို့ မသင်္ကာစရာ မတွေ့လို့ပဲ ။ ပြီးတော့ သူက စွပ်စွဲ နေတာကလည်း WILLING TO KNOW ကို ကိုးဗျ ။ ဒီတော့ ကာ ချစ်ကိုကြီးတို့များ မပြုံးပဲ ဝါးလုံးကွဲ သာ ရယ်ချလိုက်မိတော့တယ်ဗျာ ။


ဘာလို့လဲ ဆိုတော့ အဲဒီ WILLING TO KNOW ဆိုတာ က ချစ်ကိုကြီးရဲ့ အခန်းဖေါ် ချစ်ကိုကြီးရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဖြစ်နေလို့ပါပဲ ။ သူဝင်ရေးသွားတာကလည်း ချစ်ကိုကြီးရဲ့ စက်နဲ့ ချစ်ကိုကြီး အိုင်ပီနဲ့ပါဗျာ ။ နောက်မှ သူပြန်ပြောပြတော့မှ ချစ်ကိုကြီးတို့လည်းသိရတာဗျ ။ ဒါနဲ့ သိတာနဲ့ တပြိုင်နက် ပြန် ပြီး ဖြေရှင်းဦးမှ ပါ လို့ ဆိုတဲ့ ပြီး ဖြေရှင်းချက်လေးတွေ ဒေါ်သဒ္ဒါရဲ့ စီဘောက်မှာ သွားရေးပြီး GO ကို click လိုက်မှ သိတယ်ဗျာ ။ ဘန်းထားတယ်ခင်ဗျ ။ ဒါနဲ့ ကွန်မန့် ဝင်ရေးပြန်တော့လည်း ချစ်ကိုကြီး ကွန်မန့်ကို မဖေါ်ပြဘူးခင်ဗျ ။ နောက်နေ့သွားကြည့်တော့လည်း မဖေါ်ပြပြန်ဘူး ။ ပထမတော့ ချစ်ကိုကြီးထင်လိုက်တာ က သူမအားလို့ ဘလော့ မဝင်ဖြစ်သေးလို့ မသိသေးတာ မဖေါ်ပြသေးတာ နေမှာပါလို့ ထင်လိုက်တာ ။ ဒါပေမယ့် စီဘောက်ကို ကြည့်လိုက်တော့ သူဝင်ရေးထားတယ်ခင်ဗျ ။ ဒါနဲ့ ချစ်ကိုကြိးတို့လည်း ဘယ်နေလိမ့်မတုန်းဗျာ ။ ကွန်မန့်တွေ ထပ်ရေးလိုက်တာ နှစ်ခါ သုံးခါလောက်ကျတယ် ။ ထုံးစံအတိုင်းပါပဲ ။ မဖေါ်ပြဘူးခင်ဗျ ။ သူ့နောက် ကို သံယောင်လိုက်တဲ့ သူတချို့ရဲ့ ကွန်မန့်တွေကို ပဲ ဖေါ်ပြတတ်တာကိုလည်း သတိထားမိသွားသေးတယ်ဗျာ ။


ဒေါ်သဒ္ဒါရေ.... ကြည့်လဲ ဖြီးပါဗျာ ။ နော်ဗျ ။ ဘလော့ အလည်လာတဲ့ သူတွေက အိုင်ပီ မမြင်ရလို့ ခင်ဗျား ဖြီးတာ ယုံချင်ယုံကြမယ် ။ ချစ်ကိုကြီးတို့ ကတော့ သိနေတာပဲ ကို ။ အိုင်ပီအ ကွာကြီးပါဗျာ ။ ဟားဟား ။ ခင်ဗျား ကိုယ်တိုင်လည်း သိနေတာပဲဗျာ ။ ကိုယ့်လိပ်ပြာကိုယ် ရှက်တတ်ပါစေဗျာ ။ ဟုတ်ပြီလား ဒေါ်သဒ္ဒါ ။ ခင်ဗျားတို့ နှစ်ကိုယ်ကြားမှာ ပဲလှော်ကြား ဆားညှပ်တယ် ပြောရမလား ၊ ဆွမ်းခံရင်း ငှက်သင့်တယ် ပြောရမလား ဖြစ်သွားတဲ့

ချစ်ကိုကြီး ။

**စာကြွင်း**

ခင်ဗျား ဓါတ်ပုံကိုလည်း လုံအောင် ထိမ်းနော် ဗျ ဒေါ်သဒ္ဒါ ။ တော်ကြာနေမှ အိုကြီးအိုမှ ကျခါ မှ porn blog တွေပေါ်မှာ တွေ့နေရမှာ စိုးလို့ပါဗျာ ။ ဟားဟား ။ ချစ်ကိုကြီးလည်း အခန်းဖေါ်ဘော်ဒါကို ပြောထားရတယ် ကြားသုံးကြား မဝင်ကောင်းဘူးလို့ ။ ဟိဟိ

No comments:

ကျန်းမာပျော်ရွှင်ပါစေဗျာ, သားစဉ်မြေးဆက် NLD and SPDC ဒုက္ခ မှကင်းလွတ်ပါစေ။ NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....အွန်လိုင်းတော်လှန်ရေး သမားများလည်း ဆက်လက်၍ အသံကောင်း ဟစ် နိုင်ကြပါစေ...ဘဝင်ရူး အဖြစ်မှ ကင်းဝေးကြပါစေ... လေမိုင်း ခွဲ နိုင်ကြပါစေ...