Wednesday, August 13, 2008

တထောက်နား....

ကောလိပ်ကျောင်းရောက် သားငယ်မှ မိဘများထံပေးစာ....



အဖေနဲ့ အမေ ခင်ဗျား...ကျန်းခံ့ သာလို့ မာပါစ ။
ဒီမှာတော့ ကျောင်းရောက်တဲ့ တလလုံးလုံး ဘာစာမှ မသင်ရပါဘူး ၊ စာသင်ခန်းတွေ ဆီကို မသွားဖြစ်လို့ ။ သွားဖြစ်တဲ့ တရက်ကလည်း ညဘက်ဖြစ်နေတယ် ။ အဲဒီ ညက မီးမလာဘူး ။ ပြီးတော့ ဆရာလည်း မလားဘူး ။


စာသင်တဲ့ တနေ့မှာကျတော့ ဆရာက အတန်းထဲမှာ ပြောတယ် ။ " ဒီအခန်းထဲမှာ နလပိန်းတုန်း ရှိရင် မတ်တပ်ရပ်စမ်းဟေ့ " တဲ့ ။ သားတို့ တတန်းလုံး ငြိမ်ပြီး ဘယ်သူမှ မလှုပ်ကြဘူး ။ ဒါနဲ့ပဲ ခဏ နေတော့ သားမတ်တပ်ရပ်လိုက်တယ် ။ အခန်းထဲမှာ ဆရာတယောက်ထဲ ရပ်နေတာကို အားနာလို့ ။


ကောလိပ်ကျောင်းသား ဆိုပြီး ဘောင်းဘီနဲ့ ရှူးဖိနပ်နဲ့ ကျောင်းတက်လို့ မရပါဘူးဗျာ ။ သင်္ချာတွက်ချိန်ကျလို့ ဆယ်ဂဏန်းကျော်သွားရင် ရှူးဖိနပ်ကို ချွတ်ပစ်နေရတာ အလုပ်ရှုပ်လွန်းလို့ ။


ကောလိပ်ကျောင်းမှာ ကျောင်းသူလေးတွေ ချောတယ် ။ အဖေတို့ အမေတို့ အတွက် ချွေးမလောင်းကိုရွေးပြီး ရည်းစားစာ တစောင် အင်္ဂလိပ်လို ရေးပြီး ပေးလိုက်တယ် ။ သားကို အင်္ဂလိပ်လို တတ်လှပြီလို့ မထင်နဲ့ ။ သားမရေး တတ်ပါဘူး ။ ဒါပေမယ့် ကိစ္စ မရှိပါဘူး ။ ကောင်မလေးကလည်း အင်္ဂလိပ်လို မဖတ်တတ်ဘူး ။


စာရေးတာ နားဦးမယ် ။ သားသိပ်နေမကောင်းဘူး ။ ဟိုတပတ်က ဆရာက မင်းတို့ " အပြင်စာတွေ များများဖတ်ရမယ် " ဆိုတာနဲ့ ညဘက် အပြင်ထွက်ပြီး စာဖတ်တာ အအေးမိသွားတယ် ။ နေမကောင်းဖြစ်လိုက်တာ ပိန်သွားလို့ ရွာက ယူလာတဲ့ ဦးထုပ်တောင် မတော်တော့ဘူး ။ အဲဒါနဲ့ နောက်စေ့ကို တူနဲ့ ထုထားရတယ် ။ ဒီတော့မှာ နောက်စေ့မှာ ဘုထွက်ပြီး ဦးထုပ်က ကျွတ်မကျတော့ဘူးပေါ့ ။


ပြီးတော့ မနက်ဖြန်မှာ သားတို့ကို blood test စစ်မယ်ဆိုလို့ ဒီညတညလုံး စာကြည့်ရဦးမယ် ။

ချစ်သား ။


** စာကြွင်း **

ဒါနဲ့ အမေ နောက်တပတ်မှာ ဂျူလီယာရောဘတ် အကြောင်း အရေးတကြီးလေ့လာရဦးမယ် ။ အဲဒါ ပိုက်ဆံလိုတယ် ။ ပို့ပေးပါဦး ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကောလိပ်ကျောင်းရှိ သားထံ အမေ့ ပေးစာ....



အမေ အသက်ရှင်ဆဲပဲ ရှိသေးတယ် ဆိုတာ သားသိအောင် စာလှမ်းရေးလိုက်တာပါ ။ မင်းစာမြန်မြန် မဖတ်နိုင်မှန်းသိလို့ အမေ ဒီစာကို ဖြည်းဖြည်းပဲ ရေးလိုက်တယ် ။

မင်းအိမ်ပြန်လာရင် အိမ် ဘယ်မှာမှန်း သိမှာ မဟုတ်ဘူး ။ အမေတို့ ပြောင်းသွားကြပြီ ။
မင်းအဖေလား .....အခု အလုပ်ကောင်းကောင်း ရနေပြီ ။ သူ့အောက်မှာ လူ ၅၀၀ လောက်ရှိတယ် ။ သင်္ချိုင်းမှာ မြက်ရိတ်နေရတယ်လေ ။ အခု အမေတို့ အိမ်အသစ်မှာ အဝတ်လျှော်စက် တလုံးရှိတယ် ။ သိပ်တော့ မကောင်းလှပါဘူး ။ ပြီးခဲ့တဲ့ အပတ်က အမေ အဲဒီ အထဲ ရှပ်အင်္ကျီ ၁၄ ထည် ထည့်တယ် ။ ပြီး ၊ သံကြိုးကို ဆွဲလိုက်တာ အဲဒီအင်္ကျီတွေကို အဲဒီကတည်း က ပြန်မတွေ့ရတော့ပါဘူး ။

သား အမ မေရီလည်း ဒီနေ့ မနက်ပဲ ကလေးမွေးတယ် ။ သားလေးလား သမီးလေးလားတော့ အမေ မသိသေးဘူး ။ အဲဒီတော့ မင်းက အန်တီဖြစ်မလား ၊ အန်ကယ်ဖြစ်မလား အမေလည်း မပြောတတ်ဘူး ။ ပြီးခဲ့တဲ့ အပတ်ထဲမှာ မင်းရဲ့ အန်ကယ်ဒစ်လည်း တို့မြို့ က အရက်ချက်စက်ရုံမှာ ဝီသကီ ကန်ထဲ ကျပြီးနစ်လို့ ... ။ သူ့လုပ်ဖေါ် ကိုင်ဖက် တချို့ က ခုန်ဆင်းပြီး ကယ်ကြသေးတယ် ။ ဒါပေမယ့် သူက ကယ်တဲ့ သူ အားလုံးကို သတ္တိရှိရှိ တွန်းလှန်နိုင်ခဲ့တယ် ။ သူ့ကို သင်္ဂြိုလ်တော့ အဲဒီ မီးကို ငြိမ်းရတာ သုံးရက်ကြာတယ် ။


ပြီးခဲ့ တဲ့ အပတ်က မိုးနှစ်ခါ ရွတယ် ။ တခါ က သုံးရက်ကြာပြီး ၊ နောက်တခါ က လေးရက်ကြာတယ် ။ တနင်္လာနေ့တုန်းကများ လေတွေတိုက်လိုက်တာ ခြံထဲက ကြက်မတကောင်ဟာ ဥတလုံးထဲကို လေးခါ ဥ ရတယ် ။ အသုဘ အလောင်းပြင်ဆင်ပေးတဲ့ အိမ်က စာတစောင် မနေ့ က ရတယ် ။ သူက အမေတို့ ပေးစရာရှိတဲ့ ကြွေးကျန်ကို ( ၇ ) အတွင်း မပေးရင် မင်းဘွားအေကြီးကို ပြန်ထအောင်လုပ်လိုက်မယ်တဲ့ ။

ချစ်တဲ့ အမေ ။

p.s : အမေ သားအတွက် ဒေါ်လာ ၅၀ ထည့်ပို့ မလို့ပဲ ။ ဒါပေမယ့် စာအိတ်က ပိတ်ပြီးသွားပြီ ။


source : The Treasury of Clean Jokes

No comments:

ကျန်းမာပျော်ရွှင်ပါစေဗျာ, သားစဉ်မြေးဆက် NLD and SPDC ဒုက္ခ မှကင်းလွတ်ပါစေ။ NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....အွန်လိုင်းတော်လှန်ရေး သမားများလည်း ဆက်လက်၍ အသံကောင်း ဟစ် နိုင်ကြပါစေ...ဘဝင်ရူး အဖြစ်မှ ကင်းဝေးကြပါစေ... လေမိုင်း ခွဲ နိုင်ကြပါစေ...