Tuesday, July 29, 2008

ခြေလှမ်း အမှတ် တစ်ဆယ့်တစ်

ကဲ .. ပြီးခဲ့တဲ့ ပို့စ်လေးမှာ အမျိုးချစ်သူ ဆိုတဲ့ ဘလော်ဂါတယောက်က အဲဒီ ပို့စ်ကို သူ့ရဲ့ အသိအမြင်နဲ့ ပြန်ပြီးဖြေရှင်းကွန်မန့် ပေးသွားတယ်ဗျ...။ အဲဒါလေး ...ပြန်တင်လိုက်တယ်ဗျာ ...ချစ်ကိုကြီးတို့လည်း ခုတလော စာရေးချင်စိတ် မရှိဘူးဖြစ်နေတယ်ဗျ ။ အဲဒီတော့ ဘလော်ဂါတို့ ထုံးစံအတိုင်း ဟိုက ကူး ဒီက ကူးလေး လုပ်လိုက်ပါတယ်ဗျာ... ။ ကဲ နှိုင်းယှဉ် သုံးသပ်ကြပေါ့ဗျာ.. ။



အမျိုးချစ်သူ said...



စာက မျှဝေခြင်းဆိုလို့ စာရေးသူကိုတော့မပြောတော့ပါဘူး။ စာဖတ်တဲ့သူတွေကိုပဲသိအောင်ပြောလိုက်ပါတော့မယ်။ အမှားတွေအရမ်းများနေလို့ပါ။ cbox တို့ comment တို့မှာ စာရေးခဲ ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ အကောင်းဖက်ကတွေးရင် အကောင်းဖြစ်တယ် အဆိုးဖက်ကတွေးရင်အဆိုးဖြစ်တယ်။ ခံယူချက်ကအဓိကကျပါတယ်။ အိမ်ထောင်မှု၊ ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဆိုတဲ့စကားပုံကိုတော့ မြန်မာလူမျိုးတိုင်းကြားဖူး၊ သိဖူးကြမှာပါ။ အိမ်ထောင်တစ်ခုကို ပြုတော့မယ်ဆိုရင်တော့ ဘာတွေစဉ်းစားရမယ်ဆိုတာမပြောတော့ဘူး။ အဖက်ဖက်ကစဉ်းစားရမှာပေါ့ဗျာ။ မိန်းကလေးဆို သာတောင်ဆိုးသေး အိမ်ထောင်ပြုရပြီးရော၊ အဆင်မပြေနောက်မှ ကြည့်လုပ်တာပေါ့ဆိုပြီး ဇွတ်လုပ်လို့ရတဲ့အရာမှမဟုတ်တာကို။ မိန်းကလေးဖြစ်တော့ သိပ်လည်းရိုင်းရိုင်းမပြောချင်ဘူးဗျ။ ခုတစ်လောလဲ မိန်းကလေးတွေနဲ့ချည်း ပတ်သက်ပြီးပြောနေရတယ်။
ထားလိုက်တော့။ စစ်သားကိုယူမယ်ဆိုရင် အစထဲက စစ်သားဘ၀ကြမ်းတယ်ဆိုတာမကြာဖူးဘူးလား။ စစ်သားကို ယူတော့မယ်ဆိုရင်တော့ ကိုယ်နေချင်တိုင်း နေလို့တော့မရတော့ဘူးလေ။ စစ်တပ်ထဲက စည်းကမ်းတွေအကြောင်းလည်း ကိုယ်တိုင်မတွေ့ဖူးသေးပေမယ့် ကြားဖူးမှာပေါ့။ စစ်သားနဲ့ကြိုက်တော့ပိုတောင်ကြားဖူးရအုံးမယ်လေဗျာ။ နောက်ပြီး မယူခင်တည်းက လက်ထပ်ခွင့်တင်မယ့်အချိန်မှာ ကျွန်မ........ သည် တပ်ရင်းစည်းကမ်း၊ အိမ်ထောင်သည်လိုင်းစည်းကမ်း များကိုနားလည်သဘောပေါက်ပြီးဖြစ်ပါကြောင်း ဆိုပြီး ကာယကံရှင်ကိုယ်တိုင်လက်မှတ်ထိုးမှ လက်ထပ်လို့ရတာပါ။ မသိရင်လည်း ကိုယ်ယူမယ့်သူကိုတစ်ခါတည်းမေးလေ။ မရှင်းရင် သူ့ဆီက တပ်ရင်းရုံးက ယူပြီးကြည့်လို့ရပါတယ်။ ကိုယ်တိုင်ယူဖို့ပြောတာမဟုတ်ပါဘူး။ ကိုယ်နဲ့ယူမယ့်သူကို ယူခိုင်းရမှာ။ ဘယ့်နှယ်ဗျာ ခုတော့ ယောက်ျားတစ်ယောက်ကို မဆင်မခြင်ယူပြီးမှ အပြစ်ကိုစစ်တပ်ပေါ်လွှဲချရတယ်လို့။ စစ်တပ်ထဲဝင်ရင်တော့ လူမှုရေးအသင်းအဖွဲ့တွေ၊ စုပေါင်းလုပ်ရတာတွေကို လုပ်ရမယ်လေဗျာ။ သူ့ဟာသူ အိမ်မှာ လက်ကြောမတင်း၊ ဆပ်ဆလူးထ နေပြီးတော့။
ပြောချင်တာက ဒါတွေမဟုတ်ပါဘူး။ ဒီစာကိုရေးထားတာကလည်း စစ်သားကတော်မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ။ နိုင်ငံရေးသမားတွေရဲ့လုပ်တတ်တဲ့ အကျင့်လေးကိုပြောချင်တာပါ။


ဗိုလ်မှုးကတော်ကို ဗေဒါကမာရဲ့ကတော်တဲ့။ ဗိုလ်ကြီးရဲ့ ကတော်ကို ဗေဒါကတော်တဲ့။ အရာခံဗိုလ်ကတော်ကို အရူးချီးပန်းရဲ့ ကတော်တဲ့။ တပ်ကြပ်ကြီးကတော်ကို တောကျွဲကြီးကတော်တဲ့။ ဒုတပ်ကြပ်ကတော်ကို ဒုက္ခိတကတော်တဲ့။

လို့ပြောထားတယ်ဗျာ။ ဘယ်စစ်သားပဲဖြစ်ဖြစ် ဒီစာကိုလာဖတ်ရင်တော့ ရီကြမှာပဲဗျ။ အခေါ်အဝေါ်တွေ အားလုံးကလွဲနေကြလို့ပဲ။ နောက်ထပ်အမှားကြီးမှားတာကိုထပ် ပြောလိုက်ပါဦးမယ်။

သူက တစ်လကို တစ်သိန်းတစ်သောင်းနဲ့ နှစ်ထောင်ရတယ်။ အကုန်လုံးရမယ်ထင်လား။ တပ်ရံပုံငွေဆိုပြီး တစ်လနှစ်သောင်းထည့်ရတယ်။ ဘဏ်စာရင်းအတွက် တစ်လနှစ်သောင်းအမြဲဖွင့်ရတယ်။ မသုံးရဘူး။

အဲဒါကလည်းအမှားကြီးပဲ။ လခ တစ်သိန်းနှစ်သောင်းဆိုတာ ဗိုလ် အဆင့်လခပါ။ အရှာရှိလခကို ချက်နဲ့ ဘဏ်မှာ ကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်နဲ့ဖြစ်စေထုတ်ရပါတယ်။ ကိုယ်ပိုင် ချက်ပါ။ လခကိုဘယ်သူမှ control လုပ်လို့မရပါဘူး။ စစ်သည်တွေအတွက် လခကို လကုန်ရက်မှာ တပ်က သွားထုတ်ပြီး နေ့မကူးခင် အပြီး လခပေးရပါတယ်။ တပ်မှာ လခကို ဖြတ်တယ်ဆိုတာ ခုခေတ်ထဲမှာ လုံးဝမရှိတော့ပါဘူး ခင်ဗျား။

အဓိကပြောချင်တာကတော့ ခွေးဖိနပ်တွေရဲ့ အလိမ်အညာတွေပါ။ မသိတဲ့လူတွေကို အယုံသွင်းမယ်။ အထင်အမြင်လွဲအောင်လုပ်၊ တပ်နဲ့ရန်တိုက်လုပ်နေကြတာပါ။


စာဖတ်သူများ ဝေဖန်ချင်သူများ လေကန်ချင်သူများ သဘောရှိ ဝေဖန်လေကန် နိုင်ကြပါစေ..... ။

1 comment:

ADMIN said...

ဟ ဟ။ ဟာသ ပဲ...။

ကျန်းမာပျော်ရွှင်ပါစေဗျာ, သားစဉ်မြေးဆက် NLD and SPDC ဒုက္ခ မှကင်းလွတ်ပါစေ။ NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....အွန်လိုင်းတော်လှန်ရေး သမားများလည်း ဆက်လက်၍ အသံကောင်း ဟစ် နိုင်ကြပါစေ...ဘဝင်ရူး အဖြစ်မှ ကင်းဝေးကြပါစေ... လေမိုင်း ခွဲ နိုင်ကြပါစေ...